DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ဂျပန်စာသင်တန်းကျောင်းအေဂျင်စီတခုက ကျောင်းသားများထံမှ ကျပ်သိန်းသောင်းချီ လိမ်လည်
DVB
·
March 15, 2026
မြိတ်တွင် ဂျပန်စာသင်တန်းကျောင်းအေဂျင်စီတခုက ကျောင်းသားများထံမှ ကျပ်သိန်းသောင်းချီ လိမ်လည်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဂျပန်စာသင်တန်းကျောင်း အေဂျင်စီတခုက ဂျပန်နိုင်ငံကို သွားမယ့်လူငယ်တွေဆီက ငွေကြေးအမြောက်အမြား ကြိုတင်တောင်းခံပြီး လိမ်လည်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Future Japanese Language Center ဆိုတဲ့ အေဂျင်စီက ကျောင်းသားတယောက်ကို ငွေကျပ်သိန်း ၅၀ ကနေ သိန်း ၆၀၀ အထိ ကြိုတင်ယူခဲ့ပေမဲ့ ဂျပန်ဘက်က ကျောင်းတွေကို ငွေပေးသွင်းတာမျိုးမရှိတဲ့အတွက် လာမဲ့ ဧပြီလမှာ သွားရောက်ရမဲ့ ကျောင်းသား ၁၈ ယောက်ရဲ့ နေထိုင်ခွင့်လက်မှတ် (COE) တွေ အဖျက်သိမ်းခံလိုက်ရပြီး နစ်နာမှုတွေရှိနေတယ်လို့ နစ်နာသူတွေက ပြောပါတယ်။

ကျောင်းသားမိဘတယောက်က “သင်တန်းစအပ်ကတည်းက အေဂျင်စီဖိုး သိန်း ၅၀ နဲ့ Show money ပြဖို့ သိန်း ၁၀၀ ပေးရတယ်။ နောက်ပြီး ကျောင်းသားတွေဆီက အကြောင်းအမျိုးမျိုးပြပြီး ပိုက်ဆံတွေ သိန်းရာချီ ထပ်တောင်းတယ်။ ပိုက်ဆံမပေးရင် ဂျပန်ကို မထွက်ရဘူးလို့ ကျောင်းသားတွေကို အမျိုးမျိုးခြမ်းခြောက်တယ်။ အေဂျင်စီမကောင်းကြောင်းပြောရင် စစ်တပ်နဲ့ ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အေဂျင်စီရဲ့ CEO ဖြစ်သူ မထက်ထက်မမျိုးဦးဟာ မတ် ၁၂ ရက်နေ့ကတည်းက ဘန်ကောက်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားပြီး သင်တန်းကျောင်းရဲ့ လူမှုကွန်ရက်စာမျက်နှာကိုလည်း ပိတ်ချသွားခဲ့တယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

အဆိုပါ အေဂျင်စီဟာ မြိတ်မြို့အပြင်​ ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်တွေမှာပါ သင်တန်းခွဲတွေ ဖွင့်ထားပြီး ထားဝယ်ဘက်မှာလည်း ကျောင်းသားတွေရဲ့ နစ်နာမှုတန်ဖိုး ကျပ်သိန်း ၂ သောင်းကျော် ရှိတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

ဂျပန်နိုင်ငံကို ကျောင်းဗီဇာနဲ့ သွားရောက်ရာမှာ ပုံမှန်လုပ်ထုံးလုပ်နည်းအရ နေထိုင်ခွင့်လက်မှတ် (COE) မကျမီကာလအတွင်း အေဂျင်စီကို ဝန်ဆောင်မှုကြေးနဲ့ စာရွက်စာတမ်းကြေးအဖြစ် အများဆုံး မြန်မာငွေကျပ် ၃၀ ဝန်းကျင်သာ ပေးသွင်းရတယ်လို့ ဂျပန်ရောက်နေသူတွေက ပြောပါတယ်။Photo : Future Japanese Language Center

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013