DVB Logo
Home
မြန်မာသတင်း
မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းနိုင်ရေး ဖျက်ဆီးနေသူများကို ရပ်တန့်ရန် KRW တောင်းဆို
DVB
·
March 14, 2026
မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းနိုင်ရေး ဖျက်ဆီးနေသူများကို ရပ်တန့်ရန် KRW တောင်းဆို
1 / 13
Donate to DVB

မြစ်ချောင်းတွေ လွတ်လပ်စွာစီးဆင်းနိုင်ရေး ဖျက်ဆီးနေသူတွေကို ရပ်တန့်ဖို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ KRW က ဒီနေ့ မတ် ၁၄ ရက် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြစ်ချောင်းတွေပေါ်မှာ ရေကာတာတွေဆောက်ဖို့ စီစဉ်လာတာ အပြင် သတ္တုတူးဖော်တာတွေကို တွင်တွင်ကျယ်ကျယ် လုပ်လာတာတွေကြောင့် မြစ်ရေတွေ ညစ်ညမ်းပြီး စိုက်ပျိုးမြေတွေ ပျက်စီးလာတဲ့အတွက် ဒေသခံတွေရဲ့ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝတွေကို ထိခိုက်လာတယ်လို့ ဆိုပါတယ်။

ကရင်လူငယ်အစည်းအရုံး (KYO)ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တာဝန်ခံ စောဖိုးထူးက “မြစ်ချောင်းတွေဟာ သဘာဝကပေးတဲ့ ကြီးမားတဲ့ လက်ဆောင်ဖြစ်ပါတယ်။ ဌာနေလူမျိုးစုတွေရဲ့ အသက်သွေးကြောပါ။ ဒီမြစ်ချောင်းတွေကို ထိခိုက်နစ်နာစေမဲ့ ဘယ်အရာကိုမှ လက်ခံလို့ မရပါဘူး။ အားလုံးပူးပေါင်းပြီးတော့ အပြင်းအထန် ကန့်ကွက်ကြဖို့ လိုပါတယ်” လို့ ပြောပါတယ်။

အဲ့ဒီအပြင် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့အတွက် ကရင်ပြည်နယ်၊ ဘူးသိုမြို့နယ် သံလွင်မြစ်ကမ်းဘေး တနေရာမှာ မြစ်တွေအပေါ် ဆည်တွေ တည်ဆောက်တာကို ကန့်ကွက်တာနဲ့ မြစ်တွေ လွတ်လပ်စွာ စီးဆင်းစေဖို့ ဆုတောင်းတဲ့ အစီအစဉ် တွေကို ပြုလုပ်ခဲ့ပါတယ်။

ပွဲမှာတော့ ဆည်တွေ အလိုမရှိ ကြွေးကြော်တာ၊ မြစ်တွေ လွတ်လပ်စွာ စီးဆင်းနိုင်ဖို့ ဆုတောင်းတာနဲ့ မိရိုးဖလာဖြစ်တဲ့ ရေနတ်ကို ပူဇော်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ 

စစ်ကောင်စီက သံလွင်မြစ်ပေါ်မှာ ဆည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့နေရာ ၅ နေရာရှိပြီး အဲ့ဒီ နေရာ တွေမှာ တိုက်ပွဲအခြေအနေတွေ မငြိမ်သက်တာကြောင့် အကောင်အထည်ဖော်တာတော့ မရှိ သေးဘူးလို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့ကို အာဏာ မသိမ်းခင် က မြန်မာနိုင်ငံအနှံ့မှာ ကျင်းပနိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ နေရာအချို့မှာသာ ပြုလုပ် နိုင်တော့တယ်လို့ ဆိုပါတယ်။

အခုနှစ် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့အတွက် ဆောင်ပုဒ်ဟာ “မြစ်ချောင်းနှင့် လူသားများကို ကာကွယ်ပါ” ဖြစ်ပါတယ်။

ဒီနေ့လှုပ်ရှားမှုကိုတော့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့၊ ကရင် အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ KNU တပ်မဟာ (၅) မူတြော်ခရိုင် ဘူးသိုမြို့နယ်က ဒေသခံတွေ ပူးပေါင်းပြီး လူအင်အား ရာချီနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013