DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီကိစ္စကို လူထုက အကောင်းမမြင်ဘဲ ပြစ်တင်ဆဲဆိုနေကြောင်း စစ်ခေါင်းဆောင်ပြော
DVB
·
March 13, 2026
စက်သုံးဆီကိစ္စကို လူထုက အကောင်းမမြင်ဘဲ ပြစ်တင်ဆဲဆိုနေကြောင်း စစ်ခေါင်းဆောင်ပြော
Donate to DVB

အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ လောင်စာဆီကိစွနဲ့ ပတ်သက်ပြီး ချွေတာရေးလမ်းကြောင်းကို ရွေးချယ်ပြီး လုပ်ဆောင်ပေးခဲ့ပေမဲ့ လူထုက အကောင်းမမြင်ဘဲ ပြစ်တင်ဆဲဆိုတာ ခံနေရတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီကနေ့ မနက် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၁ MICC-1 မှာ ပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ် (FORUM ON THE DAWN OF A NEW STATE) မှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

"အခု အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ လောင်စာဆီပြဿနာက ကျနော်တို့အတွက် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ ချွေတာရေးလမ်းကြောင်းကို မဖြစ်မနေ လုပ်ရတာဖြစ်တယ်။ အစစအရာရာ ငွေကြေး အသုံးအစွဲကနေစပြီး ဘာဖြစ်ဖြစ် ခြိုးခြံချွေတာဖို့ လိုပါတယ်။ စက္ကူသုံးတာကအစ၊ စက်သုံးဆီသုံးတာအဆုံး ချွေတာဖို့လိုတယ်။ ထို့အတူပဲ လောင် စာဆီပြဿနာ။ ဒါကြောင့် ကျနော်တို့က စုံ၊ မ ဆိုပြီးတော့ စပြီးလုပ်ပါတယ်။ ကျနော်လည်း ဝိုင်းပြောကြတာပေါ့၊ ဒါပေမယ့် စုံ၊ မ လုပ်တဲ့ဟာ ကျနော်တို့ နိုင်ငံက အခုမှ လုပ်တာ။ တရုတ်ဆိုရင် ပေကျင်းဆိုရင် ကြာပြီလုပ်နေတာ။ စင်ကာပူဆိုရင် ကြာပြီလုပ်နေတာ။ အမျိုးစုံပြင်ဆင်ပြီးတော့ လုပ်နေတာပဲ။” 

လတ်တလော အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ လောင်စာဆီပြဿနာဟာ မိမိတို့အတွက် တိုက်ရိုက်သက်ရောက်မှု ရှိတာကြောင့် စုံ၊ မ စနစ်ကို လုပ်ဆောင်တာဖြစ်ပြီး အဆိုပါစနစ်နှင့်ပတ်သက်ပြီး ပြည်သူတွေ သိရှိနားလည်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကူညီပေးဖို့လိုကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

“စွမ်းအင်ဝန်ကြီးက ကျနော့်လာ သတင်းပို့တယ်။ ကျနော် QR Code နဲ့ လုပ်မယ်။ လုပ်ပေါ့ QR Code နဲ့။ အခုလည်း Online မှာ ဆဲနေကြတာပဲ။ ဆိုလိုတာကတော့ ကျနော်တို့က တခုခုလုပ်ပြီဆိုတာနဲ့ နိုင်ငံတော်ကို အပြစ်ပြောဖို့ပဲ ဆဲဆိုဖို့ပဲ သိတယ်၊ ဘာ့ကြောင့်ဆိုတာတွေ မစဉ်းစားဘူး၊ ဒါ့ကြောင့် ဒီကိစွကို ပြည်သူတွေသိအောင်၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြောပြသင့်တယ်။” 

စစ်ကောင်စီက မော်တော်ယာဥ်တွေကို စုံ၊ မ စနစ်ခွဲပြီး စက်သုံးဆီကို wheel Tax QR ကို စကန်ဖတ်ပြီး ခွဲတမ်းနဲ့ဝယ်ရတာကြောင့် ပြည်သူလူထုက အခက်အခဲ ပိုမိုဖြစ်လာတယ်လို့ ယာဥ်ပိုင်ရှင်တယောက်က ထောက်ပြပြောဆိုပါတယ်။

“စုံ၊ မ စနစ်လည်း ခွဲပြီးပြီ။ တနေ့ ဆီတကြိမ်ပဲ ပေးတယ်ဆိုရင် အလုံအလောက်ပေးပေါ့။ အခုက QR ကုတ်တွေ စုံ၊ မ ခွဲရတာတွေနဲ့ အလုပ်ပိုရှုပ်ပြီး စိတ်ဖိစီးမှုပိုများတယ်။ မနက်ဖြန်ဆို ဒဏ်ငွေနဲ့ ထောင်ဒဏ်က လာဦးမယ်။ စစ်တပ်ရဲ့ စီမံခန့်ခွဲမှုက ဘယ်လောက်ထိဆိုးလဲဆိုရင် စက်သုံးဆီပြ ဿနာတောင် မဖြေရှင်းနိုင်ဘူး၊ တိုင်ပတ်နေတယ်။” 

စက်သုံးဆီချွေတာသုံးစွဲရေးကို အကြောင်းပြပြီး စစ်ကောင်စီက မတ် ၃ ရက်ကစလို့ မော်တော် ယာဥ်အားလုံးကို စုံ ဂဏန်းနဲ့စတဲ့ မော်တော်ယာဥ်တွေ စုံရက်မှာ ထွက်ဖို့၊ မဂဏန်း နဲ့ စတဲ့ မော်တော်ယာဥ်တွေကို မ ရက်မှာ ထွက်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ စစ်ကောင်စီက ဦးဆောင်ပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ် (FORUM ON THE DAWN OF A NEW STATE) ကို မတ် ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်တာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013