DVB Logo
Home
မြန်မာသတင်း
အသက် ၆၀ ပြည့် CDM များကို ကရင်နီ CDM ကောင်စီက ပထမဆုံးအကြိမ် ထောက်ပံ့
DVB
·
March 13, 2026
အသက် ၆၀ ပြည့် CDM များကို ကရင်နီ CDM ကောင်စီက ပထမဆုံးအကြိမ် ထောက်ပံ့
Donate to DVB

ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) က CDM လှုပ်ရှားမှုမှာ ပါဝင်ရပ်တည်ရင်း အသက် ၆၀ ပြည့်လာတဲ့ CDM တွေကို ဂုဏ်ပြုမဲ့ အစီအစဉ် တရပ်ကို စတင်ဆောင်ရွက်နေပါတယ်။

လက်ရှိ စာရင်းဖြည့်သွင်းထားတဲ့ အသက် ၆၀ ပြည့် CDM ဝန်ထမ်းတွေအနက် ကရင်နီပြည် အတွင်းရှိ CDM တွေကို ဦးစွာ ဂုဏ်ပြုပေးအပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာလည်း ဆက်လက် ပေးအပ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ကရင်နီ CDM ကောင်စီက ပြောပါတယ်။

“ပထမအနေနဲ့ ၅၅ ဦးရွေးထားပါတယ် ငွေသားပဲ ထောက်ပံ့မှာပါ။ ကြေညာပြီးချိန်ကစပြီး စတင်ပါပြီ။ တချို့ကိုတော့ CDM အတည်ပြုလို့ရပြီး တချို့ကိုတော့ CDM အတည်ပြုဖို့ ခက်ခဲတာ ရှိနေလို့ CDM အတည်မပြုနိုင်သေးသူတွေကိုတော့ ဆက်သွယ်လာတဲ့အခါမှ သက်သေ(သို့မဟုတ်) ထောက်ခံချက်လေး ပြန်တောင်းတာလည်း လုပ်ပြီးမှ ပေးအပ်မှာပါ။ CDM အတည်ပြုပြီးသူတွေ ကိုတော့ စပေးအပ်တော့မှာဖြစ်ပါတယ်။”

တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စာရင်းပေးသွင်းထားတဲ့ အသက် ၆၀ ပြည့် CDM တွေအတွက်လည်း သက်ဆိုင်ရာဒေသ CDM ကောင်စီတွေနဲ့ ချိတ်ဆက်ကာ ကူညီနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့  ထုတ်ပြန် ထားပါတယ်။

အဆိုပါ ဂုဏ်ပြုအစီအစဉ်အတွက် လိုအပ်ချက်တွေ ရှိနေသေးလို့ အလှူရှင်တွေအနေနဲ့ NUG Pay နဲ့ SDB Bank တို့ကနေတဆင့် ပါဝင်ကူညီပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ အကြမ်းမဖက်အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင် ရပ်တည် ခဲ့ကြပြီး အသက် ၆၀ ပြည့်လာထဲ့ CDM တွေကို ပထမအကြိမ်အဖြစ် ဂုဏ်ပြုပေးအပ်သွားမှာလို့ ဖေဖော်ဝါရီ ၄ ရက် ထုတ်ပြန် ကြေညာချက်အရ အသိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013