DVB Logo
Home
နိုင်ငံတကာ
အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ EU ချမှတ်
DVB
·
March 12, 2026
အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ EU ချမှတ်
Donate to DVB

ဥရောပသမဂ္ဂ(EU)က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်တရပ်ကို မတ် ၁၁ ရက်မှာ အတည်ပြု လိုက်ပြီး ဒီပိတ်ဆို့မှုအသစ်ထဲမှာ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်း စုစုပေါင်း ၁၉ ခုကို ပစ်မှတ် ထားပါတယ်။

ဒီပိတ်ဆို့မှု ဆုံးဖြတ်ချက်ကို EU သံအမတ်ကြီးတွေက အတည်ပြုခဲ့တာဖြစ်ကြောင်း ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာယာ ကာလက်စ်က လူမှုကွန်ရက်ကတဆင့် ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မိုင်းလ်ဘာဂိုင်ယ်က မတ် ၁၁ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပြီး EU ရဲ့ ဒီအရေးယူပိတ်ဆို့မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ် ချခဲ့ပါတယ်။

ဥရောပသမဂ္ဂ (EU) ဟာ အမေရိကန်နဲ့ အစ္စရေးအစိုးရတွေရဲ့ ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင် တဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်ခြင်းအတွက် အီရန်ကို ပြစ်ဒဏ်ခတ်ဖို့ ကြိုးစားနေတာလို့ စွပ်စွဲ ပြောပါတယ်။

တချိန်တည်းမှာပဲ ဥရောပသမဂ္ဂဟာ အမေရိကန်နဲ့ အစ္စရေးတို့ကို လက်နက်တပ်ဆင် ထောက်ပံ့ ပေးနေပြီး လုပ်ဆောင်ရမဲ့ နည်းလမ်းတွေကို ပံ့ပိုးပေးနေတယ်လို့လည်း အက်စ်မိုင်းလ်ဘာဂိုင်ယ်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013