DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်သမ္မတက G7 အစည်းအဝေး ခေါ်ယူ၊ ရုရှားအပေါ် ဒဏ်ခတ်မှုဖယ်ရှားရေးကို ဆန့်ကျင်
DVB
·
March 12, 2026
ပြင်သစ်သမ္မတက G7 အစည်းအဝေး ခေါ်ယူ၊ ရုရှားအပေါ် ဒဏ်ခတ်မှုဖယ်ရှားရေးကို ဆန့်ကျင်
Donate to DVB

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းက မတ် ၁၁ ရက်မှာ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ အုပ်စုက ခေါင်းဆောင်တွေ အစည်းအဝေးကို သဘာပတိအဖြစ် ခေါ်ယူကျင်းပခဲ့ပါတယ်။

အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြား စစ်ပွဲအတွင်း ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်လာမှုကို ထိန်းချုပ်ဖို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ သမိုင်းမှာ အကြီးမားဆုံး လှုပ်ရှားမှုအဖြစ် အရန် ရေနံစိမ်းစည် သန်း ၄၀၀ ထုတ်သုံးဖို့ အဖွဲ့ဝင် ၃၂ နိုင်ငံက တညီတညွတ်တည်း သဘော တူညီခဲ့ပြီး အချိန်ကို သင့်လျော်တဲ့အချိန်မှာ သတ်မှတ်မယ်လို့ IEA က ပြောပါတယ်။

IEA က ထုတ်ပြန်ချက်က ဖော်ပြထားတဲ့ ပမာဏဟာ “ဟော်မုဇ်ရေလက်ကြားကတဆင့် တင်ပို့တဲ့ ပမာဏ ရက် ၂၀ စာနဲ့ ညီမျှတယ်” လို့လည်း မက်ခွန်းက ပြောပါတယ်။

G7 က ဒီကြေညာချက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော် ရာမှာ နိုင်ငံအဆင့် အကောင်အထည်ဖော်မှုအပေါ် အခြေခံလိမ့်မယ်လို့လည်း မက်ခွန်းက ထပ်ပြော ခဲ့ပါတယ်။

G7 ခေါင်းဆောင်များ အစည်းအဝေးအပြီးမှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းက အီရန်စစ်ပွဲ ကြောင့် ပေါ်လာတဲ့ လက်ရှိ စွမ်းအင်အကျပ်အတည်းက ရုရှားအစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်ထား တာတွေကို ပြောင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဟော်မုဇ်ရေလက်ကြားမှာ အနှောင့်အယှက်ဖြစ်ချိန်နဲ့ ရေနံဈေးနှုန်းတွေ မြင့်တက်လာချိန်မှာ ရုရှား အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကို ဘယ်လိုမှ ရုပ်သိမ်းဖို့ မသင့်လျော်ဘူးလို့ မက်ခွန်းက အခိုင်အမာ ပြောပါတယ်။

စစ်ရေးအရ အီရန်ပစ်မှတ်တွေကို မကြာသေးမီက အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်ခဲ့ပေမဲ့ အီရန်ရဲ့ စွမ်းရည်တွေကို လျှော့မတွက်ဖို့ မက်ခွန်းက သတိပေးပါတယ်။

ဒီနေ့ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်ဆိုင်ရာ စစ်ရေးစွမ်းရည်တွေမှာ သိသာထင်ရှားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတာတောင်မှ ဒေသတွင်း နိုင်ငံအများအပြားကို ဆက်တိုက်ခိုက်နေပြီး စွမ်းရည်တွေက သုည အထိ လျော့ကျမသွားသေးဘူးလို့ မက်ခွန်းက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013