DVB Logo
Home
နိုင်ငံတကာ
ဘေရွတ်တောင်ပိုင်းကို အစ္စရေးက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်
DVB
·
March 12, 2026
ဘေရွတ်တောင်ပိုင်းကို အစ္စရေးက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်
Donate to DVB

အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတွေအကြားက စစ်ပွဲတွေ ပိုပြင်းထန် လာတာနဲ့အမျှ လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မှာ မတ် ၁၂ ရက် မနက်အစောပိုင်းက စပြီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကလည်း ဟစ်ဇ်ဘိုလာတွေ အခြေစိုက်ရာ တောင်ပိုင်းဒေသတွေတင်မကဘဲ မြို့လယ်က လူနေထူထပ်တဲ့ နေရာတွေအထိပါ ကျယ်ပြန့်လာပါတယ်။

ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေမှာ ပေါက်ကွဲသံတွေ အဆက်မပြတ် ထွက်ပေါ်နေ သလို မြို့လယ်က တိုက်ခန်းတွဲတခုလည်း ဗုံးကြဲခံခဲ့ရပါတယ်။

ဘားဘ်ဒါမြို့ကနေ လှမ်းကြည့်ရင် ဘေရွတ်မြို့တော် ကောင်းကင်ယံမှာ မီးခိုးတွေ အလိပ်လိုက် တက်နေတာကို မြင်တွေ့နေရပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုနယ်မြေဟာ တနေ့ထက်တနေ့ ပိုပြီး ကျယ်ပြန့်လာနေတာ ဖြစ်ပါတယ်။

ဘေရွတ်မြို့လယ်က ရမ်းမ်လတ်အယ်လ်ဘိုင်ဒါ ကမ်းခြေလမ်းမပေါ်ကို အစ္စရေးက တိုက်ခိုက်ခဲ့တာ ကြောင့် အနည်းဆုံး လူ ၈ ယောက် သေဆုံးသွားပြီလို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ 

တချို့မီဒီယာတွေမှာတော့ သေဆုံးသူ ၆ ယောက်၊ ၇ ယောက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်ရာနေရာက ဗီဒီယိုမှတ်တမ်းတွေမှာ ပေါက်ကွဲမှုကြောင့် ပျက်စီးနေတဲ့ ကားတွေနဲ့အတူ အဆောက်အအုံ အပိုင်းအစတွေ ပြန့်ကျဲနေတာတွေကိုလည်း တွေ့မြင်နေရပြီး ဒေသခံတွေလည်း ထိတ်လန့်တကြား ထွက်ပြေးနေကြပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေက စစ်ဆေးမှု တွေ လုပ်နေကြပါတယ်။

ဒီစစ်ပွဲဟာ မတ် ၂ ရက်က အီရန်အဓိပတိ အယာတိုလာ အလီခါမေနီ အသတ်ခံရမှုအတွက် လက်စားချေတဲ့အနေနဲ့ ဟစ်ဇ်ဘိုလာဘက်က စတင်ပစ်ခတ်ခဲ့ရာကနေ အစ္စရေးက စစ်ရေးထိုးစစ် တခု စတင်ခဲ့ပြီး တိုက်ပွဲအရှိန် မြင့်လာခဲ့တာပါ။

လက်ဘနွန် အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ သေဆုံးသူ ၆၀၀ ကျော်သွားပြီဖြစ်သလို နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၈ သိန်းကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013