DVB Logo
Home
နိုင်ငံတကာ
ပင်လယ်ကွေ့တွင် တိုက်ခိုက်ခံရသည့် ရေနံတင်သင်္ဘော ၆ စင်းအထိ ရှိလာ
DVB
·
March 12, 2026
ပင်လယ်ကွေ့တွင် တိုက်ခိုက်ခံရသည့် ရေနံတင်သင်္ဘော ၆ စင်းအထိ ရှိလာ
Donate to DVB

ပင်လယ်ကွေ့မှာ တိုက်ခိုက်ခံရတဲ့ သင်္ဘော ၆ စင်းအထိ ရှိလာပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ပေါက်ကွဲစေတဲ့ပစ္စည်းတွေ အပြည့်တင်ထားတဲ့ အီရန်လှေတွေက အီရတ်ရေပိုင်နက်ထဲမှာ ရေနံတင်သင်္ဘော ၂ စင်းကို တိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ပြီး သင်္ဘောသားတယောက် သေဆုံးတယ်လို့ ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။

ပင်လယ်ကွေ့မှာ တခြားသင်္ဘော ၄ စင်းလည်း တိုက်ခိုက်ခံရတာကြောင့် မတ် ၁၂ ရက် နေ့လယ်ပိုင်းအထိ တိုက်ခိုက်ခံရတဲ့ သင်္ဘောအရေအတွက် ၆ စင်းရှိပြီလို့ ဆိုပါတယ်။

နောက်ဆုံးတိုက်ခိုက်ခဲ့တဲ့ သင်္ဘောဟာ အမေရိကန်နဲ့ ဥရောပကို ပြေးဆွဲနေတဲ့သင်္ဘောဖြစ်လို့ အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ကြား ပဋိပက္ခကို ပိုပြီး အရှိန်မြင့်လာစေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စတင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ချိန်ကစပြီး ဟော်မုဇ်ရေလက်ကြားအနီး ပင်လယ်ကွေ့မှာ ဖြတ်သန်းဖို့ စောင့်ဆိုင်းနေတဲ့ သင်္ဘောတွေ ဖြစ်ပါတယ်။

အီရန်ကို ဆက်ပြီး တိုက်ခိုက်မယ်ဆိုရင် အရှေ့အလယ်ပိုင်းက ဆီတလီတာမှ အမေရိကန်၊ အစ္စရေးနဲ့ အပေါင်းအပါနိုင်ငံတွေဆီ အရောက်ခံမှာ မဟုတ်ဘူးလို့ အီရန်တော်လှန်ရေးအစောင့်တပ်က ပြောထားပါတယ်။

အမေရိကန်သမ္မတ ထရမ့်ပ်ကလည်း ဆီတင်ပို့မှု ပိတ်ပင်မယ်ဆိုရင် အမေရိကန်က ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ သတိပေးထားပါတယ်။

အီရန်ရေတပ်ကို ချေမှုန်းပြီးပြီဖြစ်လို့ သင်္ဘောတွေ ရေလက်ကြားကို ဖြတ်လို့ရပြီလို့ ကုမ္ပဏီတွေကို ထရမ့်ပ်က ပြောခဲ့ပါသေးတယ်။

မိုင်းထောင်သင်္ဘောနဲ့ လှေတွေကိုလည်း တိုက်ခိုက်ခဲ့ပြီးပြီလို့ အမေရိကန်က ပြောဆိုခဲ့ပြီးနောက်မှာ ပင်လယ်ကွေ့မှာ စောင့်ဆိုင်းနေတဲ့ သင်္ဘောတွေ ဆက်တိုက် တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

ပင်လယ်ကွေ့မှာ ဂျပန်၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်ကုမ္ပဏီတွေရဲ့ သင်္ဘောတွေ တိုက်ခိုက်ခံရတာကြောင့် အီရတ် ဆီဆိပ်ကမ်းကိုလည်း လုံးဝပိတ်လိုက်ပြီလို့ အီရတ်သတင်းဌာနက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ မီးလောင်သင်္ဘောတွေက သင်္ဘောသားတွေကို အီရန်ဆိပ်ကမ်းက ကယ်ဆယ်ရေးတွေ ပြုလုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခံရတဲ့ ထိုင်းအလံပါ သင်္ဘောဟာ မီးလောင်ခဲ့ပြီး အင်ဂျင်ခန်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ သင်္ဘောသား ၃ ယောက် ပျောက်ဆုံးနေပြီး သင်္ဘောသား ၂၀ ကို အိုမန်ကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ဂျပန်သင်္ဘော အပါအဝင် တခြားသင်္ဘော ၃ စင်းကတော့ ပျက်ဆီးမှု အနည်းငယ်သာ ရှိခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013