DVB Logo
Home
နိုင်ငံတကာ
တိုက်ခိုက်မှုမရပ်မချင်း ရေနံတင်ပို့ခွင့် ပေးမည်မဟုတ်ဟု အီရန်ပြော
DVB
·
March 11, 2026
တိုက်ခိုက်မှုမရပ်မချင်း ရေနံတင်ပို့ခွင့် ပေးမည်မဟုတ်ဟု အီရန်ပြော
Donate to DVB

အမေရိကန်နဲ့ အစ္စရေးတို့က ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် အရှေ့အလယ်ပိုင်းကနေ ရေနံ တလီတာတောင် သင်္ဘောနဲ့ တင်ပို့ခွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန် တော်လှန်ရေးအစောင့်တပ်က မတ် ၁၀ ရက်မှာ ပြောပါတယ်။

ဒီစကားကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း တကယ်လို့ စွမ်းအင်ထုတ်လုပ်တဲ့ဒေသကနေ တင်ပို့နေတာတွေကို ပိတ်ဆို့ရင် အမေရိကန်က အီရန်ကို အများကြီး ပိုပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ သတိပေးခဲ့ပါတယ်။

အီရန်ရဲ့ ခြိမ်းခြောက်မှု နောက်ဆက်တွဲအနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆီသ်က စစ်ပွဲစချိန်ကနေ ခုထိ အမေရိကန်က အီရန်အပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မယ်လို့ ကတိပြုခဲ့ပါတယ်။

မတ် ၁၀ ရက်မှာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ အများဆုံးအသုံးပြု တိုက်ခိုက်မှာ ဖြစ်ပြီး အမေရိကန်စစ်တပ်က ထရမ့်ပ်ကို စစ်ပွဲဆင်နွှဲဖို့ ရွေးချယ်စရာတွေ အများဆုံး ပေးနေတယ်လို့လည်း သူက ပြောပါတယ်။

ပဋိပက္ခက ၃ ပတ်ကနေ ၈ ပတ်အထိ ကြာမြင့်နိုင်တယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့ ဟက်ဂ်ဆီသ်က “အစ အလယ် အဆုံး” ကို အကဲဖြတ်ဖို့ ထရမ့်ပ်ရဲ့တာဝန်သာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သူက အရှိန်အဟုန်ကို ထိန်းချုပ်နိုင်တယ်လို့လည်း ထရမ့်ပ်ကိုရည်ညွှန်းပြီး ဟက်ဂ်ဆီသ်က ပြောခဲ့ပါတယ်။

အီရန်ကတော့ အမေရိကန်၊ အစ္စရေးတို့နဲ့ မဟာမိတ် ပင်လယ်ကွေ့နိုင်ငံတွေကို ဆက်တိုက်ခိုက်နေဆဲပါ။

လူမှုမီဒီယာမှာ တင်ပြထားတဲ့ မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုမှတ်တမ်းတွေထဲမှာ အီရတ်နဲ့ ဘာရိန်းနိုင်ငံတွေ တိုက်ခိုက်ခံထားရတာကို ပြထားပါတယ်။

အီရတ်မြောက်ပိုင်း အာဘီလ်မြို့က အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကောင်စစ်ဝန်ရုံးနားမှာ မီးခိုးနက်တွေ အူတက်လာပြီး မီးလောင်နေတာကို မြင်ရပါတယ်။

ဒရုန်း ၃ စင်းကို ပစ်ချခဲ့တယ်လို့ အီရတ် ကာဒစ္စတန် အကြမ်းဖက်မှုတန်ပြန်ရေးတပ်ဖွဲ့က သတင်းပို့ပြီးတဲ့နောက် မီးလောင်ခဲ့တာပါ။

မတ် ၁၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုထဲမှာ အီရန်ဒုံးကျည်က လူနေအဆောက်အအုံတခုကို ထိမှန်လို့ လူတယောက် သေဆုံးပြီးတဲ့နောက် ဘာရိန်းမြို့တော် မနားမာက ကားလမ်းနဲ့ လူသွားလမ်းပေါ်မှာ အပျက်အစီးတွေ ရှိနေတာကို ပြထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်ပဋိပက္ခမှာ တင်းမာမှုတွေကို လျှော့ချဖို့ ကြားဝင်ညှိနှိုင်းရေး ရွေးချယ်စရာတွေနဲ့ နည်းလမ်းတွေကို ကမ်းလှမ်းခဲ့ပြီး ဒီအဆိုပြုချက်တွေက စားပွဲပေါ်မှာ ရှိနေဆဲပါလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က မတ် ၁၀ ရက်မှာ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013