DVB Logo
Home
သတင်းတို
ပုဇွန်တောင်တွင် ဂိမ်းလောင်းကစားပြုလုပ်သူများကို ဖမ်းဆီး
DVB
·
December 26, 2014
ပုဇွန်တောင်တွင် ဂိမ်းလောင်းကစားပြုလုပ်သူများကို ဖမ်းဆီး
Donate to DVB

ပုဇွန်တောင်မြို့နယ် ဂိမ်းဆိုင်တခုက ဂိမ်းလောင်းကစားပြုလုပ်သူတွေကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတွေက ဖမ်းဆီးအရေးယူလိုက်ပါတယ်။

[caption id="attachment_74979" align="aligncenter" width="508"]10423664_600002693462335_2256599484088356024_n ဓာတ်ပုံ - Yangon Polic[/caption]

ပုဇွန်တောင် မြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲဟာ ပုဇွန်တောင်မြို့နယ်၊ (၂) ရပ်ကွက်၊ နေကြာသာယာကုန်းလမ်းရှိ တိုက်ခန်းမှာ ဂိမ်းစက်တွေနဲ့ လောင်းကစားပြုလုပ်နေကြောင်း သတင်းရရှိခဲ့တဲ့အတွက် ၀င်ရောက် ဖမ်းဆီးခဲ့တာလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သက်သေတွေနဲ့အတူ ၀င်ရောက် ရှာဖွေဖမ်းဆီးရာ ဂိမ်းဆိုင်အတွင်း ဆိုင်မန်နေဂျာ၊ ဆိုင်ဝန်ထမ်းတွေ၊ လောင်းကစားသူအမျိုးသား ၁၆ ဦး၊ လောင်းကစားဂိမ်းစက်မျိုးစုံ ၂၁ လုံးနဲ့ လောင်းကြေးငွေ ကျပ်စုစုပေါင်း ၇၃၆၈၀၀ တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်

ဆိုင်မန်နေဂျာအပါအ၀င် ၂၁ ဦးကို ပုဇွန်တောင် မြို့မရဲစခန်း (ပ) ၂၅၈/၂၀၁၄၊ လောင်းကစား ဥပဒေပုဒ်မ-၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013