
အရှေ့အလယ်ပိုင်း အကျပ်အတည်းနဲ့ ဆက်စပ်နေတဲ့ စွမ်းအင်အထောက်အပံ့ တင်းကျပ်လာလို့ ဓာတ်ငွေ့ရည် LPG ကို စီးပွားဖြစ်သုံးတာကို အစိုးရက ကန့်သတ်ခဲ့ပါတယ်။
အဲဒီနောက် အိန္ဒိယအနောက်ပိုင်း မဟာရာရှထရာပြည်နယ်မှာ မတ် ၉ ရက်ကစပြီး ဓာတ်ငွေ့သုံးတဲ့ မီးသင်္ဂြိုဟ်စက်တွေ အသုံးပြုတာကို ယာယီရပ်ဆိုင်းထားပါတယ်။
မြို့ထဲမှာ LPG သုံးတဲ့ မီးသင်္ဂြိုဟ်စက်ရုံ ၁၈ ခုလောက်ရှိပေမဲ့ ဓာတ်ငွေ့ရည် ပြတ်လပ်မှုကို ရှောင်ဖို့နဲ့ စီးပွားဖြစ် ဓာတ်ငွေ့ဖြန့်ဖြူးရာမှာ အနှောင့်အယှက်ဖြစ်တာကြောင့် လက်ရှိမှာ အသုံးလျှော့ချ နေတယ်လို့ မဟာရာရှထရာပြည်နယ် ပူနေးမြူနီစပယ်ကော်ပိုရေးရှင်းရဲ့ ကော်မရှင်နာ နီဗယ် ကစ်ရှိုရမ်က ပြောပါတယ်။
ပြည်နယ် ရေနံချက်စက်ရုံတွေဖြစ်တဲ့ အိန္ဒိယ ရေနံကော်ပိုရေးရှင်း၊ ဘားရတ် ရေနံဓာတု ကော်ပိုရေးရှင်းနဲ့ ဟိန်ဒူစတန် ရေနံကော်ပိုရေးရှင်းတို့ကလည်း ဈေးနှုန်းတွေကို တပြိုင်နက်တည်း မြှင့်တင်ခဲ့ကြပါတယ်။
နိုင်ငံရဲ့ ထိပ်တန်း ရေနံချက်စက်ရုံနဲ့ LPG ရောင်းချသူ အိန္ဒိယ ရေနံကော်ပိုရေးရှင်း ဒေလီမြို့တော်မှာ ၁၄ ဒသမ ၂ ကီလိုဂရမ် (၃ ဒသမ ၃ ပေါင်) အလေးချိန်ရှိတဲ့ ဓာတ်ငွေ့အိုးစျေးနှုန်းတွေကို ၇ ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့တယ်လို့ ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။
ကမ္ဘာပေါ်မှာ LPG တင်သွင်းမှု ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ပရိုပိန်းနဲ့ ဘူတိန်း ရောစပ်ထားတဲ့ ချက်ပြုတ်ဓာတ်ငွေ့ မက်ထရစ်တန်ချိန် ၃၃ ဒသမ ၁၅ သန်း သုံးစွဲခဲ့ပြီး LPG သုံးစွဲမှုရဲ့ သုံးပုံနှစ်ပုံလောက်ကို တင်သွင်းခဲ့ပါတယ်။
LPG တင်သွင်းမှုရဲ့ ၈၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိကို အရှေ့အလယ်ပိုင်းကနေ တင်သွင်းတာလည်း ဖြစ်ပါတယ်။
Source:Reuters










