DVB Logo
Home
နိုင်ငံတကာ
အီရန် အမျိုးသမီးဘောလုံးကစားသမားများအား ဩစတြေးလျ ခိုလှုံခွင့်ပေး
DVB
·
March 10, 2026
အီရန် အမျိုးသမီးဘောလုံးကစားသမားများအား ဩစတြေးလျ ခိုလှုံခွင့်ပေး
Donate to DVB

အမိမြေပြန်ရင် အန္တရာယ်ရှိမှာစိုးရိမ်ရတဲ့ အီရန်အမျိုးသမီးဘောလုံးအသင်းက ကစားသမား ၅ ယောက်ကို လူသားချင်းစာနာမှုဗီဇာ ထုတ်ပေးဖို့ ဩစတြေးလျနိုင်ငံက မတ် ၁၀ ရက်မှာ သဘောတူလိုက်ပါတယ်။

ဒီကစားသမားတွေကို လုံခြုံတဲ့နေရာ ပို့ဆောင်ထားပြီး ကျန်အသင်းသားတွေကိုလည်း ဩစတြေးလျမှာ နေထိုင်ခွင့် ကမ်းလှမ်းထားတယ်လို့ ဩစတြေးလျ ပြည်ထဲရေးဝန်ကြီး တိုနီဘာ့ခ်က ပြောပါတယ်။

ဩစတြေးလျမှာ အမျိုးသမီးအာရှဖလား လာကန်နေတဲ့ အီရန်အသင်းဟာ မတ် ၂ ရက်က တောင်ကိုရီးယားနဲ့ အဖွင့်ပွဲမှာ နိုင်ငံတော်သီချင်းသီဆိုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဒါဟာ မျိုးချစ်စိတ်ဓာတ်ကင်းမဲ့တာဖြစ်ပြီး အင်မတန် ဂုဏ်သရေညှိုးစရာလုပ်ရပ် ဖြစ်သလို “စစ်ကာလသစ္စာဖောက်” တွေလို့ အီရန်နိုင်ငံပိုင်ရုပ်သံကနေ စွပ်စွဲ ဝေဖန်ခံခဲ့ရပါတယ်။

နောက်ပိုင်းပွဲစဉ်တွေမှာ ကစားသမားတွေက နိုင်ငံတော်သီချင်း ပြန်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဖိအားပေးမှုကြောင့် အခုလိုလုပ်ရတာ ဖြစ်နိုင်တယ်လို့ ယူဆရပြီး  လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိုးရိမ်ခဲ့ကြပါတယ်။

မတ် ၉ ရက်မှာတော့ ကစားသမားတွေရဲ့ လုံခြုံရေးအတွက် အထူးစိုးရိမ်မိတယ်လို့ ကမ္ဘာ့ဘောလုံးသမားများသမဂ္ဂ (FIFPRO) က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း ဒီအီရန်အသင်းကို နေရပ်ပြန်ပို့ရင် အသတ်ခံရနိုင်ခြေ များတဲ့အတွက် ခိုလှုံခွင့်ပေးဖို့ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီကို တိုက်တွန်းခဲ့ပါတယ်။

“ဩစတြေးလျအနေနဲ့ ဒီ အီရန်အသင်းကို နေရပ်ပြန်ပို့ခွင့်ပြုလိုက်ရင် ဆိုးရွားတဲ့ လူသားချင်းစာနာမှု အမှားကြီးကို ကျူးလွန်ရာရောက်မှာဖြစ်ပြီး ခင်ဗျားတို့ လက်မခံရင် အမေရိကန်က ခေါ်သွားမယ်” လို့ ထရမ့်ပ်က လူမှုကွန်ရက်ကတဆင့် ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013