DVB Logo
Home
မြန်မာသတင်း
မဲဆောက် - မြ၀တီချစ်ကြည်ရေးတံတား ၀င်ထွက်ချိန် တိုးမြင့်
DVB
·
December 26, 2014
မဲဆောက် - မြ၀တီချစ်ကြည်ရေးတံတား ၀င်ထွက်ချိန် တိုးမြင့်
Donate to DVB

ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး နယ်စပ် မဲဆောက်- မြ၀တီ ချစ်ကြည်ရေးတံတားဂိတ်ကို တိုးချဲ့ဖွင့်လှစ်သွားတော့မယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြထားပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့ကစပြီး တာ့ခရိုင် မဲဆောက်မြို့ ထာ့ဆိုင်လုတ်ရပ်ကွက်တွင်းမှာရှိတဲ့ မဲဆောက်- မြ၀တီ တံတားကို မနက် ၅ နာရီခွဲကနေ ည ၈ နာရီခွဲထိ တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် လိုအပ်တဲ့ ၀န်ထမ်းအရေအတွက်၊ စာရွက်စာတမ်း အချက်အလက်တွေ အသင့်ပြင်ထားဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားစာပေးပို့ထားတဲ့အကြောင်း တာ့ခ်ခရိုင်ဝန် နိုင်းဆုမ်ချိုင်း ဟထယားတန်က သတင်းထောက်တွေကို  ပြောပါတယ်။

ဒါဟာ အာဆီယံစီးပွားရေးအသိုင်းအ၀ိုင်း (အေအီးစီ) ကို ကြိုဆိုရာရောက်သလို တာ့ခရိုင် မဲဆောက်မြို့ဟာလည်း အာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယ၊ ဥရောပတို့ကို ဆက်သွယ်ပေးတဲ့ လမ်းကြောင်းပေါ်က မြို့တမြို့ဖြစ်နေတာကြောင့် ဒီဂိတ်ကို ဖွင့်လှစ်လိုက်ရတာလို့ ခရိုင်ဝန်က ပြောကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

လက်ရှိအချိန်မှာ အဲဒီဂိတ်ဟာ မနက် ၆ နာရီကနေ ည ၆ နာရီထိပဲ ဖွင့်လှစ်နေရာက လာမယ့်နှစ်ဆန်းကစပြီး မနက် ၅ နာရီခွဲကနေ ည ၈ နာရီခွဲထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013