DVB Logo
Home
မြန်မာသတင်း
လယ်ဒိုမြို့နယ်၌ စစ်တပ် တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ သေဆုံးပြီး ၁၆၀ ခန့် ဖမ်းဆီးခံရ
DVB
·
March 9, 2026
လယ်ဒိုမြို့နယ်၌ စစ်တပ် တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ သေဆုံးပြီး ၁၆၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ အယောက် ၃၀ သေဆုံးခဲ့ပြီး လူပေါင်း ၁၆၀ လောက်လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ KNU က ဒီကနေ့ မတ် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က စစ်ကောင်စီတပ် ခမရ-၂၀၊ ခလရ-၂၆၄ နဲ့ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းဟာ လယ်ဒိုမြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုထဲကို ဝင်ရောက်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး အရပ်သား ၁၆၀ လောက်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မတ် ၇ ရက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ဒရုန်း၊ ဂျက်ဖိုက်တာ စတာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေထဲက ၂၅ ယောက် သေဆုံးခဲ့သလို ၅ ယောက်ကိုတော့ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ထုတ်ပြန်ပြောဆိုပါတယ်။

ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဆက်လက် စိစစ် အတည်ပြုနေဆဲဖြစ်ပြီး ထပ်မံသတင်းထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် အာဏာမသိမ်းခင် ကာလတွေကတည်းက အရပ်သားတွေကို အခုလို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလက်ရှိကာလတွေမှသာ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြည်သူလူထုက ပွင့်လင်းမြင်သာစွာ သိရတာဖြစ်တယ်လို့လည်း KNU ကဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ဒီကာလတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ရုံသာမက ရွေးကောက်ပွဲ နောက်ပိုင်းကာလတွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုကျူးလွန်လျက် ရှိတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်တပ်၏ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်မှုကြောင့် ထိခိုက်သေဆုံးသူများ (Photo : KNU)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013