DVB Logo
Home
Lead Story
နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး ဆွေးနွေးပွဲအပေါ် ဦးအေးသာအောင်ကို မေးမြန်းချက်
DVB
·
December 25, 2014
နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး ဆွေးနွေးပွဲအပေါ် ဦးအေးသာအောင်ကို မေးမြန်းချက်
Donate to DVB

မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေ ပူးပေါင်းဖြေရှင်းနိုင်ဖို့အတွက် .စည်းလုံးညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ မိတ်ဘက် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေဟာ ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာ ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲ ဘာကြောင့် ကျင်းပရပါသလဲ။ ဆွေးနွေးပြီးတဲ့နောက် ဘယ်လို ဆုံးဖြတ်ချက်တွေ ရရှိခဲ့ပါသလဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ယူအန်အေရဲ့ သဘာပတိ ဦးအေးသာအောင်ကို ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။

[caption id="attachment_34861" align="alignright" width="310"]ဦးအေးသာအောင် ဦးအေးသာအောင်[/caption]

ယူအန်အေက ဦးဆောင်ပြီး နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့နဲ့ လူမှုအခြေပြုအဖွဲ့ တွေ ပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲက ဘယ်လိုဖြစ်လာပါသလဲ။

“ပထမပိုင်းမှာ ယူအန်အေအဖွဲ့ဝင်တွေချည်း ပါဝင်တဲ့ ညီလာခံကို အရင် ကျင်းပ ပါတယ်။ အဲဒီနောက် မဟာမိတ်အဖွဲ့တွေနဲ့ ဆက်ဆွေးနွေးတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းလို့ ပြောရမယ့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အပစ်ခတ် ရပ်စဲပြီးတော့ တိုင်းရင်းသားများနဲ့ သဟဇာတ ဖြစ်ပြီး တပြည်လုံး ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ အဲဒီကိစ္စတွေဟာ မသေချာမရေရာတဲ့ အနေအထားမှာ ရှိတယ်၊ ဒီလို အခြေအနေမျိုးမှာ ၂၀၀၈ ဥပဒေ ပြင်ဆင်ရေး ဘယ်လို ကြိုးပမ်း ဆောင်ရွက်မလဲ၊ အပစ်အခတ် ရပ်စဲဖို့ ကြိုးပမ်းနေတဲ့ ဖြစ်စဉ်ကလည်း ရပ်တန့်နေတော့၊ အခုလို မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ယူအန်အေအဖွဲ့ဝင် သက်သက် မဟုတ်ဘဲနဲ့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ၊ ယူအန်အေအဖွဲ့မှာ မပါသေးတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအပြင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ  ဘယ်လို ကူညီ ပံ့ပိုး ကြိုးပမ်းဆောင်ရွက်ကြမလဲ ဆိုတဲ့အဖြေကို ရှာဖို့အတွက် ညှိနှိုင်းဆွေးနွေးရတာ ဖြစ်ပါတယ်။”

ဒီထဲမှာ ဘယ်လိုအဖွဲ့အစည်းတွေ ပါဝင်ပါသလဲ။

“ယူအန်အေရဲ့ မိတ်ဘက်အဖွဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီစတဲ့အဖွဲ့တွေ ပါဝင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)၊  မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်၊ ပေါင်းကူးအဖွဲ့၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းစသဖြင့် အားလုံး ၂၅ လောက် ပါဝင် ဆွေးနွေးကြပါတယ်။”

ဆွေးနွေးပွဲက ဘာဆုံးဖြတ်ချက်တွေ ရခဲ့ပါသလဲ။

“အဓိကကတော့ ဒီကနေ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဆွေးနွေး ညှိနှိုင်း ဖြေရှင်းမှာသာရမယ်ဆိုတဲ့ သဘောထားတခု ရတယ်။ နောက်တခါ မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ကြမယ် ဆိုတဲ့ သဘောတူချက်တခု၊  ဘာသာရေး၊ လူမှုရေး ပဋိပက္ခအားလုံးကို ရပ်တန့်စေ ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ဖို့၊ မြေယာကိစ္စ လက်ပန်းတောင်တောင်လိုကိစ္စမျိုး သဘာဝ သယံဇာတပစ္စည်းတွေကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူမှုတွေနဲ့ ပတ်သက်လို့ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့၊ ပြီးတော့ ဒီမြန်မာနိုင်ငံရဲ့ အကျပ်အတည်း ပြဿ  နာအ၀၀ကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့အတွက်လည်း ကြိုးပမ်းဆောင် ရွက်ကြမယ်၊ မြန်မာနိုင်ငံမှာ အမျိုးသားညီလာခံ ပြည်ထောင်စုညီလာခံ ပင်လုံကဲ့သို့သော ညီလာခံ ဖြစ်ပေါ်စေဖို့အတွက် အားလုံး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့လည်း ပါပါတယ်။ နောက်ပြီးတော့  ဒီညီလာခံကြီး ဖြစ်မြောက်ဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ အကြိုညှိနှိုင်း ဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်သွားဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။ နောက်တချက်က ဒီညီလာခံကို တက်ရောက်လာကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများအားလုံးက ဒီလို ညီလာခံကို နောက်ထပ် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် ကျင်းပနိုင်ဖို့အတွက် ယူအန်အေက ကမကထပြု ဆောင်ရွက်သွားဖို့ တာဝန်ပေးတဲ့ ဆုံးဖြတ်ချက်လည်း ပါပါတယ်။ ဒီသဘောတူချက်တွေကို အခြေခံပြီးတော့ ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။”
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(ယူအန်အေ)ကို  ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အခြေပြု ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ  ရခိုင်အမျိုးသားပါတီ၊  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနဲ့ ကရင်အမျိုးသားပါတီအစရှိတဲ့ ပါတီတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013