DVB Logo
Home
နိုင်ငံတကာ
ထမင်းဟင်း ချက်ပြုတ်ရာတွင် သုံးသည့် ဓာတ်ငွေ့ဈေးမြင့်တက်လာသဖြင့် အိန္ဒိယပြည်သူများ ဆန္ဒပြ
DVB
·
March 8, 2026
ထမင်းဟင်း ချက်ပြုတ်ရာတွင် သုံးသည့် ဓာတ်ငွေ့ဈေးမြင့်တက်လာသဖြင့် အိန္ဒိယပြည်သူများ ဆန္ဒပြ
Donate to DVB

အီရန်နဲ့ အမေရိကန်-အစ္စရေးစစ်ပွဲက ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် ဖိအားဖြစ်နေချိန်မှာ ဓာတ်ငွေ့ ဈေးနှုန်းတွေကို မြှင့်တင်လိုက်လို့ ဓာတ်ငွေ့ရည် (LPG) ရောင်းတဲ့ ကုမ္ပဏီတွေကို အိန္ဒိယနိုင်ငံသားတွေက မတ် ၇ ရက်မှာ ဆန္ဒပြနေကြပါတယ်။ 

အိန္ဒိယနိုင်ငံက ကုမ္ပဏီတွေက အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းက အထောက်အပံ့တွေ ပြတ်တောက်သွားတာနဲ့အမျှ ကမ္ဘာ့ဈေးနှုန်းတွေ မြင့်တက်လာလို့ ချက်ပြုတ်ဖို့ လောင်စာအဖြစ် အများဆုံးသုံးတဲ့ LPG ဈေးနှုန်းကို တနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြှင့်တင်ခဲ့တာပါ။ 

နိုင်ငံရဲ့ ထိပ်တန်း ရေနံချက်စက်ရုံနဲ့ LPG ရောင်းချသူ Indian Oil Corp က ဒေလီမြို့တော်မှာ ၁၄ ဒသမ ၂ ကီလိုဂရမ်ရှိတဲ့ ဓာတ်ငွေ့ရည်အိုးရဲ့ ဈေးနှုန်းတွေကို ၇ ရာခိုင်နှုန်းအထိ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၃) နဲ့ညီမျှတဲ့ ၉၁၃ ရူပီးအထိ တိုးမြှင့်ခဲ့တယ်လို့ သူ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ပြည်နယ် ရေနံချက်စက်ရုံတွေ IOC၊ ဘားရတ် ရေနံဓာတု ကော်ပိုရေးရှင်းနဲ့ ဟင်ဒူစတန် ရေနံဓာတု ကော်ပိုရေးရှင်းတို့ကလည်း ဈေးနှုန်းတွေကို မြှင့်တင်ခဲ့ကြပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး LPG တင်သွင်းသူ အိန္ဒိယဟာ ပြီးခဲ့တဲ့နှစ်က ပရိုပိန်းနဲ့ ဘူတိန်း ရောစပ်ထားတဲ့ ချက်ပြုတ် ဓာတ်ငွေ့ မက်ထရစ်တန်ချိန် ၃၃ ဒသမ ၁၅ သန်း သုံးစွဲခဲ့ပြီး ကမ္ဘာ့ ဓာတ်ငွေ့ရည် LPG သုံးစွဲမှုရဲ့ သုံးပုံနှစ်ပုံလောက်ကို တင်သွင်းခဲ့ပါတယ်။ 

LPG တင်သွင်းမှုရဲ့ ၈၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိကို အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီကနေ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013