DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စုံ/မ ရက် သတ်မှတ်ချက်ကြောင့် ကားအသွားအလာရှင်းပြီး ယာဥ်ပိုင်ရှင်များ အခက်တွေ့
DVB
·
March 7, 2026
ရန်ကုန်တွင် စုံ/မ ရက် သတ်မှတ်ချက်ကြောင့် ကားအသွားအလာရှင်းပြီး ယာဥ်ပိုင်ရှင်များ အခက်တွေ့
Donate to DVB

အိမ်စီးကားတွေ စုံရက်/မ ရက်ခွဲပြီး မောင်းနှင်အသုံးပြုရတဲ့ ပထမဆုံးရက်မှာ ရန်ကုန်မြို့အတွင်း ကားအသွားအလာအရင်ကထက် ရှင်းခဲ့ပေမဲ့ အရေးပေါ်ကိစ္စရှိပြီး ကားအသုံးပြုခွင့်မရတဲ့ အခက်တွေ့ခဲ့ရတယ်လို့ ကိုယ်ပိုင်ယာဥ်မောင်းတွေက ပြောပါတယ်။

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို စုံရက်/မရက်ခွဲကာ တရက်ခြား အသုံးပြုမောင်းနှင်စေတဲ့စနစ်ကို မတ် ၇ ရက်မှာ စတင်ဖို့ စစ်ကောင်စီက သတ်မှတ်ထားတာပါ။

အဲဒီစနစ် စတင်တဲ့ မတ် ၇ ရက်မှာ မရက်ဖြစ်တဲ့အတွက် မအက္ခရာ အိမ်စီးကားတွေ သွားလာအသုံးပြုခွင့်ရပြီး စုံအက္ခရာနဲ့အိမ်စီးကားတွေက ရပ်နားထားရပါတယ်။

ရန်ကုန်မြို့အတွင်း အငှားယာဥ်မောင်းတယောက်က “အရင်ရက်တွေထက် လမ်းတော်တော်ရှင်းတယ်။ ကားငှားတဲ့သူ သိပ်သိသိသာသာ ပိုရတာမျိုးမရှိပါဘူး။ ကားပိုင်အသိထဲက သူတို့ကား ထွက်မရတဲ့နေ့မှာ ခေါ်သုံးဖို့ လှမ်းချိတ်တာမျိုးရှိတယ်။ ပုံမှန်အော်ဒါရှိထားတော့ အဆင်မပြေဘူး” လို့ ပြောပါတယ်။

အခုလို စုံရက်/မရက် သတ်မှတ်တာကြောင့် အရေးပေါ်ကိစ္စရှိသူတွေ အခက်တွေ့ကြရပြီး ရေရှည် ကျင့်သုံးရင် ထိခိုက်နစ်နာစရာ ပိုများလာနိုင်တယ်လို့ မြောက်ဥက္ကလာမြို့နယ်မှ ကားပိုင်ရှင်တယောက်က ပြောပါတယ်။

“အိမ်က အမေကို ဆေးရုံရက်ချိန်း ပုံမှန်ပြရမှာရှိတယ်။ ကိုယ့်အလုပ်ကိစ္စနဲ့ သွားလာရမှာရှိတယ်။ ရက်ရွေးပြီးလုပ်လို့ ရတဲ့ကိစ္စတွေမဟုတ်ဘူး။”

အဲဒီလို စုံရက်/မ ရက် သတ်မှတ်အသုံးပြုတဲ့စနစ် ကျင့်သုံးမဲ့ကာလကို စစ်ကောင်စီက အသိပေးထားတာ မရှိပါဘူး။

ဌာနစုံပူးပေါင်းအဖွဲ့က စစ်ဆေးသွားမှာဖြစ်ပြီး လိုက်နာဖို့ပျက်ကွက်ရင် ထောင်ဒဏ်တလ (ဒါမှမဟုတ်) ဒဏ်ကြေးငွေကျပ် ၂၀,၀၀၀ ချမှတ်အရေးယူဖို့ ညွှန်ကြားချက်ထုတ်ထားတယ်လို့ မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013