DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် စက်သုံးဆီ ဝယ်မရဖြစ်ပြီး ပြင်ပပေါက်ဈေး အဆမတန် မြင့်တက်နေ
DVB
·
March 7, 2026
ရွှေဘိုတွင် စက်သုံးဆီ ဝယ်မရဖြစ်ပြီး ပြင်ပပေါက်ဈေး အဆမတန် မြင့်တက်နေ
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စက်သုံးဆီ အရောင်းဆိုင်ကြီးတွေက အချိန်ကန့်သတ်ပြီး ခွဲတမ်းနဲ့သာ ရောင်းချပေးနေတာကြောင့် ပြည်သူတွေ တန်းစီဝယ်ယူနေရတဲ့အပြင် ဆီဈေးနှုန်းတွေလည်း မြင့်တက်ကာ လိုသလောက် ဝယ်မရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက်ကစပြီး ရွှေဘိုမြို့မှာ ဆီတန်းစီဝယ်ယူသူတွေ များပြားလာခဲ့တာပါ။ လက်ရှိမှာ စက်သုံးဆီ အရောင်းဆိုင်ကြီးတွေက မနက် ၈ နာရီကနေ နေ့လယ် ၁၁ နာရီအထိသာ အချိန် ကန့်သတ် ရောင်းချပေးနေပြီး ဆိုင်ကယ်ဆိုရင် ကျပ် ၇,၀၀၀ ဖိုး၊ ကားဆိုရင် ကျပ် ၁၅,၀၀၀ ဖိုးသာ ခွဲတမ်းနဲ့ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံတယောက်က “ဆီက တန်းသာစီနေရတာ၊ မနက်ခင်းတင် ရောင်းတာဆိုတော့ ရဖို့က မသေချာဘူး။ ငွေဘယ်လောက်ဖိုးပဲ ပြောတာ၊ ဆီဘယ်လောက်ရမယ်လို့ မပြောဘူး။ ၇,၀၀၀ ဖိုးပေးပြီး တလီတာပဲရတာ။ ဆီက ရှိတယ်၊ ဈေးတင်ချင်လို့ အခုလို ရောင်းနေတာ” လို့ DVB ကို ပြောပါတယ်။

ဈေးနှုန်းတွေအနေနဲ့ မတ် ၃ ရက်အထိ ဓာတ်ဆီ 92 တလီတာကို ကျပ် ၃,၂၀၀ ကျော်၊ 95 တလီတာကို ကျပ် ၃,၃၀၀ ကျော်နဲ့ ဒီဇယ် တလီတာကို ကျပ် ၃,၄၀၀ ကျော်သာ ရှိခဲ့ပေမဲ့ ဒီကနေ့အချိန်မှာတော့ ဓာတ်ဆီ 92 တလီတာကို ကျပ် ၇,၀၀၀ အထိဖြစ်လာပြီး ဒီဇယ် တဂါလံကို ကျပ် ၁၆,၀၀၀ ကျော်အထိ စစ်ကောင်စီ သတ်မှတ်ဈေးထက် အဆမတန် မြင့်တက်နေတာပါ။

ဒေသခံတယောက်ကလည်း “ဆီပန့်ဆိုင်ကြီးတွေက ဓာတ်ဆီ တလီတာကို ၇,၀၀၀ နဲ့ ရောင်းတော့ ပြင်ပပေါက်ဈေးက ၁၀,၀၀၀ ကျော်နေပြီ။ ဒီဇယ်က တဂါလံကို ၁၆,၀၀၀ ကနေ ၂၂,၀၀၀ အထိ ဖြစ်နေတယ်။ ဆီကတော့ ရှိတယ်၊ ရောင်းတဲ့ဆိုင်က မရှိတာ။ စစ်တပ်က အရန်ဆီရှိတယ်လို့ ပြောနေပေမဲ့ မြေပြင်မှာကတော့ အလုအယက် ဝယ်နေကြရတယ်” လို့ ပြောပါတယ်။

ရွှေဘိုမြို့က အရောင်းဆိုင်ကြီးတွေ အခုလို အချိန်ကန့်သတ် ရောင်းချလာမှုကြောင့် ပြင်ပ စက်သုံးဆီ မှောင်ခိုဈေးကွက်မှာ ဓာတ်ဆီ တလီတာကို ကျပ် ၇,၀၀၀ ကနေ ၁၀,၀၀၀ ကျော်အထိ ရှိနေသလို ဒီဇယ် တဂါလန်ကိုလည်း ကျပ် ၁၆,၀၀၀ ကနေ ၂၀,၀၀၀ ကျော်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013