DVB Logo
Home
မြန်မာသတင်း
“စုံရက်နှင့် မရက်” ကားမောင်းရမည့် စီမံချက်က ဖမ်းဆီးသူများအတွက် ငွေရပေါက်ရလမ်းဖြစ်
DVB
·
March 6, 2026
“စုံရက်နှင့် မရက်” ကားမောင်းရမည့် စီမံချက်က ဖမ်းဆီးသူများအတွက် ငွေရပေါက်ရလမ်းဖြစ်
Donate to DVB

စစ်ကောင်စီက ပုဂ္ဂလိကပိုင် အိမ်စီးကားတွေကို စုံရက်နဲ့ မရက်အလှည့်ကျ မောင်းနှင်ရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်ဟာ ယာဉ်ထိန်းရဲတွေအပါအဝင် ဖမ်းဆီးမဲ့အဖွဲ့တွေအတွက် ငွေရပေါက်၊ ရလမ်းဖြစ်သွားဖို့ရှိတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

စက်သုံးဆီချွေတာဖို့ အကြောင်းပြချက်နဲ့ မတ် ၇ ရက်ကစပြီး ပုဂ္ဂလိကပိုင်ကားတွေကို အက္ခရာ အလိုက် စုံရက်/မရက် သတ်မှတ်ချက်နဲ့ အသုံးပြု မောင်းနှင်ရမယ်လို့ စစ်ကောင်စီက အမိန့် ထုတ်ထားတာ ဖြစ်ပါတယ်။

အဲဒီ သတ်မှတ်ချက်မှာ စက်သုံးဆီအခက် အခဲကိုဖြေရှင်းနိုင်ဖို့ထက် ပြည်သူတွေကို ပိုအခက်တွေ့ စေသလို ဖမ်းဆီးမဲ့သူတွေအတွက် စားပေါက် တခုဖြစ်သွားဖို့ပဲ ရှိတယ်လို့ ရန်ကုန်မြို့မှ ယာဉ်ပိုင်ရှင် တယောက်က ပြောပါတယ်။

"ဖြေရှင်းတဲ့နည်းလမ်းက ဟုတ်မှ ဟုတ် မနေတာ။ နဂိုကမှရဲက ငွေတောင်းကြမ်းနေတာ၊ အခုပို အကြိုက်ပေါ့။ စီမံချက်ဆိုပြီး ယာဥ်ထိန်းတင်မဟုတ်ဘဲ အဖွဲ့စုံက ငွေညှစ်တာမျိုးတွေလည်း ရှိလာ နိုင်တယ်။"

သတ်မှတ်ချက်အတိုင်း မလိုက်နာတဲ့ကားတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက သတိ ပေးထားပေမဲ့ အရေးယူမဲ့ပြစ်ဒဏ်နဲ့ ဘယ်လို အရေးယူမယ်ဆိုတာ ရှင်းရှင်းလင်းလင်း အသိ ပေးထားတာ မတွေ့ရပါဘူး။

အဲဒါကြောင့် ထင်သလို ဖမ်းဆီးအရေးယူခံရနိုင်သလို အကျင့်ပျက်ခြစားမှုကို ပိုပြီးဖြစ်လာနိုင်တဲ့ အနေအထားတွေ့ရတယ်လို့ ယာဥ်ပိုင်ရှင်တွေက ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှ ကားပွဲစားတယောက်က "ယာဉ်ထိန်းရဲတို့ ကိုယ်တိုင်က အိမ်စီးကားသုံးပြီး စောင့်ဖမ်းနေတာလေ၊ သူတို့စီးတဲ့ကားကရော သတ်မှတ်ချက်အတိုင်း လိုက်နာမှာတဲ့လား။”

တရက်ခြား အသုံးပြုရမဲ့ ပုဂ္ဂလိကပိုင်ယာဥ်အမျိုးအစားထဲက တချို့ကို သတ်မှတ်ချက်ကနေ ကင်းလွတ်ခွင့် ပေးထားပြီး အိမ်စီးကားတွေပဲ လိုက်နာရဖို့ ရှိနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ကနဦးကြေညာချက်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဥ်၊ တက္ကစီအငှားယာဥ်၊ စက်သုံးဆီသယ်ယူပို့ ဆောင်ရေးယာဥ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဥ်၊ ကုန်စည် ပို့ဆောင်ရေး ယာဥ်၊ လူနာတင်ယာဥ်/နိဗ္ဗာန်ယာဥ်၊ စည်ပင်အမှိုက်သိမ်းယာဥ်တွေ နေ့တိုင်းအသုံးပြုနိုင်တယ်လို့ ဖော်ပြထားပြီး နောက်ပိုင်း ကြိုပို့ယာဉ်တွေပါအသုံးပြုနိုင်တယ်လို့ ထပ်မံထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ စုံရက်/မရက်နဲ့ မောင်းနှင်ရမဲ့စနစ်သစ်ကို အချိန်ကာလဘယ်လောက်ကြာ ကျင့်သုံးမယ်ဆိုတာ သတ်မှတ်ထားတာ မရှိသလို အဲဒီအစီအစဥ်ချမှတ်လိုက်တဲ့အပေါ် စစ်တပ် ထောက်ခံသူတွေကပါ ဝေဖန်တာတွေရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013