DVB Logo
Home
မြန်မာသတင်း
၂၀၁၄ ခုနှစ်အတွင်း ​လေလွင့်က​လေးငယ် ၁၂၀၀ ​ကျော် ထိန်းသိမ်း
DVB
·
December 25, 2014
၂၀၁၄ ခုနှစ်အတွင်း ​လေလွင့်က​လေးငယ် ၁၂၀၀ ​ကျော် ထိန်းသိမ်း
Donate to DVB

ရန်ကုန်မြို့​တော်အတွင်းမှာရှိတဲ့ ​လေလွင့်က​လေးငယ် ၁၂၀၀​ ကျော်ကို ထိန်းသိမ်းခဲ့တယ်လို့ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ၊ လုံခြုံ​ရေးနှင့် စည်ကမ်းထိန်းသိမ်း​ရေးဌာနမှူး ရဲမှူးကြီး​ကျော်စိုးက ​ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်​နေ့က ရန်ကုန်မြို့​တော်ခန်းမမှာပြုလုပ်တဲ့ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ၊ ​ကော်မတီဝင်တွေ၊ ဌာနမှူးတွေနဲ့ သတင်းမီဒီယာတွေ ​တွေ့ဆုံပွဲတွင်​ ပြောကြားခဲ့တာပါ။

[caption id="attachment_74911" align="aligncenter" width="545"]ရဲမှူးကြီး ကျော်စိုး ရဲမှူးကြီး ကျော်စိုး[/caption]

“ဇန်နဝါရီလက​နေ ဒီဇင်ဘာလအထိ ကျားကြီးစုစု​ပေါင်း ၂၂၂​ ယောက်၊ မကြီးစုစု​ပေါင်း ၂၇၈ ​ယောက်ပါ။ ကျား​လေးစုစု​ပေါင်း ၅၂၀ ဦးပါ။ မ​လေးစုစု​ပေါင်း ၁၉၄ ဦးနဲ့ စုစု​ပေါင်း ၁၂၁၄ ဦးကို ထိန်းသိမ်းထားပြီး အသက်အရွယ်အလိုက် သက်ဆိုင်ရာဌာနကို ပို့​ဆောင်ပါတယ်” ဌာနမှူး ရဲမှူးကြီး​ကျော်စိုးက ဆိုပါတယ်။

ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီက အရာရှိဦးစီးပြီး​တော့ ကားတစ်စီးနဲ့ ရန်ကုန်မြို့​တော်အတွင်းမှာ လှည့်လည်ထိန်းသိမ်း​ပြီး ၂ ပတ် ​စောင့်​ရှောက်ထားတယ်လို့ ဆိုပါတယ်။

“သက်ဆိုင်ရာဌာန အသီးသီးကို ပို့တဲ့အခါမှာ ​မွေးစက​နေ ၅ နှစ်အထိဆိုရင် ​ယောက်ျာ​လေး၊ မိန်းက​လေးကို ​ရွှေဂုံတိုင်က​လေးပြုစု​ရေးဌာကို ပို့ပါတယ်။ ၆ နှစ်က​နေ ၁၂ နှစ်ထိကို သန်လျင်လူငယ်သင်တန်း​ကျောင်းကို ပို့ပါတယ်။ ၁၃ နှစ်က​နေ ၁၆ နှစ်အထိကို ဌက်​အော်စမ်း လူငယ်သင်တန်း​ကျောင်းကို ပို့ပါတယ်။ ၆ နှစ်က​နေ ၁၆ နှစ်ထိ မိန်းက​လေးဆိုရင်​တော့ ​ထောက်ကြန့် အမျိုးသမီးသင်တန်း​ကျောင်းကို ပို့ပါတယ်။ ၁၇ နှစ်အထက် ကျား၊ မများကို ဝါးနက်​ချောင်းလူကြီး ​စောင့်​ရှောက်ထိန်းသိမ်း​ရေးစခန်းကို ပို့ပါတယ်” လို့ ဆက်​ပြောပါတယ်။

ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီက အ​ခြေအ​နေမဲ့​ တောင်းရမ်းစား​သောက်သူများ ပ​ပျောက်​ရေး၊ အ​ခြေအ​နေမဲ့ ​လေလွင့်က​လေးငယ်များ ထိန်းသိမ်း​ရေး ယာယီစခန်းကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013