DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် တရားမ၀င်ကုန်သွယ်မှုကနေ ၅၃ ရက်အတွင်း ကျပ်သိန်း ၁၃၀၀ ကျော် ရရှိ
DVB
·
December 25, 2014
မန္တလေးတွင် တရားမ၀င်ကုန်သွယ်မှုကနေ ၅၃ ရက်အတွင်း ကျပ်သိန်း ၁၃၀၀ ကျော် ရရှိ
Donate to DVB

မန္တလေး ဧရာဝတီမြစ်ဆိပ်ကမ်းမှာ တရားမ၀င်ကုန်သွယ်မူကို စစ်ဆေးအရေးယူတာ ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်ကို ၅၃ ရက်အတွင်းမှာ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။

မန္တလေးမှာ ပထမဆုံးအကြိမ်အနေနဲ့ ရေလမ်းခရီး တရားမ၀င်ကုန်သွယ်မူကို ပညာပေးကာလ ၁ လနဲ့ နိုဝင်ဘာလမှာ စတင်ခဲ့ပါတယ်။

teak copyဒီနေ့ထိ ကျွန်းသစ်အပါအ၀င် သစ်ခွဲသားတန်ပေါင်း ၇၉ တန်ကျော် ကျပ်သိန်းပေါင်း ၁၃၈၀ ကျော်ဖိုးကို စစ်ဆေးဖမ်းဆီးနိုင်ခဲ့တယ်လို့  ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူ ရေးရာ ဦးစီးဌာနက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဦးစီးဌာန လက်ထောက် ညွှန်မှူး  ဗိုလ်မှူး အေးမင်းထွန်းက “ရွှေကြက်ယက် ဆိပ်ကမ်းမှာ ကျောက်မီးသွေး တင်ဆောင်လာတဲ့ သင်္ဘောဝမ်းဗိုက်ထဲမှာ သစ်ခွဲသားတွေ သိုဝှက်သယ်ဆောင်လာတာကို ဖမ်းဆီးရမှု ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းကနေ အများဆုံး ၀င်ရောက်နေတဲ့ တရုတ်ကုန်နဲ့ ကျွန်းသစ်တွေဟာ အကောက်ခွန်မဲ့ တင်သွင်းတဲ့ လမ်းကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ရေလမ်းကြောင်းနဲ့ တရားမ၀င်ကုန်သွယ်မူကို ၂၀၁၅ ခုနှစ်မှာလည်း ဧရာဝတီတိုင်း၊ တနင်္သာတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာလည်း ဖမ်ဆီးစစ်ဆေးမူတွေ ပြုလုပ်မှာ ဖြစ်ကြောင်း၊ ဒါပေမယ့် လက်ရှိ စစ်ဆေးမှု ဖြစ်စဉ်မှာ ကန့်သတ်ချက်နဲ့ အခက်အခဲတွေ ရှိတယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဦးစီးဌာန လက်ထောက် ညွှန်မှူး  ဗိုလ်မှူး အေးမင်းထွန်းက “ရေတက် ရေကျကအစ ရေပါးသွားတဲ့ နေရာတွေ ရှိတယ်။ ကျနော်တို့ဆီက speed boat ဆိုရင် ၁၀ မိုင်ကျော်လာရင် မသွားသင့်တော့ဘူး။ သူမှာ တင်ဆောင်နိုင်တဲ့ လူဦးရေ ပြီးတော့ ကျနော်တို့က အဖွဲ့စုံပါမှ စစ်ဆေးလို့ရတဲ့ အနေအထား။ လူ ၁၀ ဆိုရင်ကို over ဖြစ်နေပြီ။ ပြီးတော့ ပါတဲ့ဆီက ဘယ်လောက်မှ မပါဘူး။ သင်္ဘောကြီးနဲ့ စစ်မယ်ဆိုရင်လည်း သူရဲ့ရေစူးနဲ့ ၀င်လို့မရတဲ့အနေထားတွေ အများကြီးပေါ့နော် တွက်ချက်ပြီး လုပ်ရတဲ့အခါမှာ ရေကြောင်းမှာ ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်” လို့ ဆိုပါတယ်။

တရားမ၀င်ကုန်တွေက ခွင့်ပြုမိန့်မရရှိတဲ့ သစ်လုံးနဲ့ သစ်ခွဲသားတွေ လိုင်စင်မပေးတဲ့ အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင်၊ အသုံးပြုပြီး ဘေထုပ်နဲ့ လျှပ်စစ်ပစ္စည်း  အက်ဖ်ဒီအေ စစ်ဆေးမှု မပါရှိတဲ့ အစားသောက်တွေ ဖြစ်ပါတယ်။

ဒီလို အကောက်ခွန် မပါတဲ့ တရားမ၀င်ကုန်တွေဟာ နယ်စပ်ဒေသကနေ ရေကြောင်း သာမက ကုန်းကြောင်းတွေနဲ့ပါ သယ်ဆောင် ၀င်ရောက်မှုတွေ ရှိနေလို့ အထိရောက်ဆုံး အရေးယူမူတွေနဲ့ စစ်ဆေးမူတွေ ပြုလုပ်ပေးသင့်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013