DVB Logo
Home
နိုင်ငံတကာ
ခါမေနီ၏သား မို့ဂျ်တာဘာကို အီရန်ခေါင်းဆောင်ကြီးအဖြစ် ရွေးချယ်ဟု သတင်းထွက်
DVB
·
March 4, 2026
ခါမေနီ၏သား မို့ဂျ်တာဘာကို အီရန်ခေါင်းဆောင်ကြီးအဖြစ် ရွေးချယ်ဟု သတင်းထွက်
Donate to DVB

အီရန် ဘာသာရေးခေါင်းဆောင်အသစ် တင်မြှောက်ဖို့ တာဝန်ရှိတဲ့ ထိပ်တန်းဘာသာရေးဆရာကြီးတွေ မတ် ၃ ရက်က ကွယ်လွန်သူ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီရဲ့ သားဖြစ်သူ မို့ဂျ်တာဘာ ခါမေနီကို ခေါင်းဆောင်သစ်အဖြစ် ရွေးထားတယ်လို့ အီရန်သတင်းရင်းမြစ် ၃ ခုကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

အဓိပတိခေါင်းဆောင်ကြီးကို ရွေးချယ်ပေးရတဲ့ ပညာရှင်အဖွဲ့ (Assembly of Experts) ဟာ မတ် ၃ ရက်က မနက်ခင်းမှာတကြိမ်၊ ညနေခင်းမှာတကြိမ် ကွန်ရက်ချိတ်ဆက်ပြီး အစည်းအဝေး ထိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်မှာပဲ ရှီးယိုက် အစ္စလာမ်ဘာသာရေး ဗဟိုချက်မဖြစ်တဲ့ အီရန်နိုင်ငံ၊ ကွမ်မြို့က ညီလာခံကျင်းပဖို့ စီစဉ်ထားတဲ့ အဆောက်အအုံကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မတ် ၄ ရက်မှာ တရားဝင်ကြေညာဖို့ စဉ်းစားထားပေမဲ့ ဒီလိုကြေညာလိုက်ရင် အမေရိကန်နဲ့ အစ္စရေးရဲ့ပစ်မှတ် ဖြစ်လာမှာကို တချို့က စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ မို့ဂျ်တာဘာဟာ ဖခင်ဖြစ်သူရဲ့ လောင်းရိပ်အောက်မှာ သိုသိုသိပ်သပ် လှုပ်ရှားသူ ဖြစ်ပေမဲ့ ဩဇာကြီးမားသူတယောက် ဖြစ်ပါတယ်။

သူဟာ အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိပြီး လုံခြုံရေးနဲ့ စစ်ရေးယန္တရားတွေကို ကျွမ်းကျင်တဲ့အတွက် အခုလို အကျပ်အတည်းကာလမှာ အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်တယ်လို့ တီဟီရန်အခြေစိုက် လေ့လာသူ မာဒီ ရာမာတီက သုံးသပ်ထားပါတယ်။

သူ့အပြင် တခြား အလယ်အလတ်သဘောထားရှိသူ ကိုယ်စားလှယ်လောင်း ၂ ယောက်ကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က တိုက်ခိုက်ခံရမှုမှာ မို့ဂျ်တာဘာရဲ့ဖခင် ခေါင်းဆောင်ကြီး ခါမေနီ အပြင် မို့ဂျ်တာဘာရဲ့ ဇနီး၊ မိခင်နဲ့ သားတယောက် သေဆုံးခဲ့ကြပါတယ်။

မို့ဂျ်တာဘာပါ သေတယ်လို့ အစောပိုင်း သတင်းထွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရှင်ကျန်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013