DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲအတွက် ထောက်ပံ့မှုကန့်သတ်သည့် ဗြိတိန်ဝန်ကြီးချုပ်ကို ထရမ့်ပ် ပြင်းပြင်းထန်ထန် ဝေဖန်
DVB
·
March 4, 2026
စစ်ပွဲအတွက် ထောက်ပံ့မှုကန့်သတ်သည့် ဗြိတိန်ဝန်ကြီးချုပ်ကို ထရမ့်ပ် ပြင်းပြင်းထန်ထန် ဝေဖန်
Donate to DVB

ဗြိတိန်ဝန်ကြီးချုပ် စတာမာက ဝင်စတန်ချာချီ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အီရန်ကို စစ်ဆင်နွှဲနေတဲ့ အမေရိကန်ကို ဗြိတိန်နိုင်ငံက ထောက်ပံ့မှု အကန့်အသတ်ရှိတဲ့အပေါ် ထရမ့်ပ်က ဝေဖန်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံခေါင်းဆောင်ကို အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ အလုပ်လုပ်နေတာ ဝင်စတန်ချာချီနဲ့ မဟုတ်ပါဘူး” လို့ ထရမ့်ပ်က အိမ်ဖြူတော်မှာ ဂျာမနီအဓိပတိနဲ့တွေ့ချိန် သတင်းထောက်တွေကို ပြောခဲ့တာပါ။

“အစိုးရအပြောင်းအလဲဟာ ကောင်းကင်က ကျလာတာကို မယုံကြည်ဘူး” လို့ စတာမာက ပြောဆိုခဲ့ပါတယ်။

အီရန်ကို စစ်ပွဲ ဆင်နွှဲနေတဲ့ အမေရိကန်-အစ္စရေးတို့နဲ့ မပါဘူးလို့လည်း စတာမာက အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

အမေရိကန်တပ်ဖွဲ့တွေကို ဗြိတိန်အခြေစိုက်နေရာတွေ အသုံးပြုခွင့်လည်း ပေးထားပါတယ်။ ဒါပေမဲ့ ဒီယေဂိုဂါစီယာကျွန်းမှာ အမေရိကန်လေယာဉ်တွေ ဆင်းလို့မရတာက စိတ်ပျက်ဖို့ကောင်းတယ်လို့ ထရမ့်ပ်က ဂျာမနီအဓိပတိ မားဇ်နဲ့ တွေ့ချိန်မှာ ပြောခဲ့ပါတယ်။

လေဘာပါတီခေါင်းဆောင်ဟောင်း ချာချီဟာ ဒုတိယကမ္ဘာ့စစ်က ဗြိတိန်ဝန်ကြီးချုပ်အဖြစ် နာဇီတွေကို တိုက်ခိုက်ချိန်မှာ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာက နိုင်ငံတကာဥပဒေကို ချိုးဖောက်တာနဲ့ မဆင်မခြင်လုပ်တာလို့ မိတ်ဖက်နိုင်ငံတွေက ထင်နေတာကြောင့် စတာမာကို ထရမ့်ပ်က ၃ ကြိမ်မြောက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ထရမ့်ပ်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေဟာ လူဝင်မှုကြီးကြပ်ရေး၊ ကာကွယ်ရေးအသုံးစရိတ်၊ လက်ယာစွန်းလှုပ်ရှားမှုတွေကို ရန်လိုမှုတွေကြောင့် ဥရောပမဟာမိတ်တွေနဲ့ ကာလရှည် သဘောထားကွဲလွဲနေတာ ဖြစ်ပါတယ်။

ပြီးတော့ ထရမ့်ပ်က ယူကရိန်းကို ထောက်ပံ့မှုတွေ လျှော့ချပစ်တာ၊ ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို သိမ်းဖို့ ခြိမ်းခြောက်တာတွေက ဥရောပရဲ့ စိုးရိမ်မှုတွေကို ပိုပြီး တိုးမြင့်စေပါတယ်။

အမေရိကန်ရဲ့ အဲဒီလုပ်ဆောင်ချက်တွေက ဥရောပကို ရုရှားက ခြိမ်းခြောက်မှုတွေ ပိုပြီးတိုးလာတာနဲ့ ရင်ဆိုင်နေရပါတယ်။

ဗြိတိန်နိုင်ငံဟာ ၁၀ စုနှစ်များစွာ အမေရိကန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ကာ ချာချီ၊ မာဂရက်သက်ချာ၊ တိုနီဘလဲ စတဲ့ ခေါင်းဆောင်တွေဟာ အမေရိကန်ခေါင်းဆောင်တွေဖြစ်တဲ့ ရုစ်ဘဲ့၊ ရော်နယ်ရေဂင်၊ ဂျော့ချ်ဘုရှ်တို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့ပါတယ်။

အမေရိကန်ကို ကူညီရတာကိုလည်း ဗြိတိန်ခေါင်းဆောင်တွေက ဂုဏ်ယူလေ့ရှိပြီး ၂ နိုင်ငံကြား စစ်ရေး၊ စုံစမ်းရေးလိုမျိုး အထူးပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် စတာမာက ဗြိတိန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက်ပဲ ဆုံးဖြတ်မယ်လို့  သူ့ရဲ့သဘောထားကို ပါလီမန်မှာ တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂါနေ့က YouGov မှာ အမေရိကန်ရဲ့ အီရန်စစ်ပွဲကို ထောက်ခံလားဆိုတဲ့ မဲပေးမှုမှာ ဗြိတိန်ကလူတွေရဲ့ ထောက်ခံမှုက ၄၉ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာ တွေ့ရပါတယ်။

ဒါဟာ ၂၀၀၃ ခုနှစ်က အီရတ်ကို တိုက်ခိုက်ခဲ့တဲ့အချိန်က အဖြစ်အပျက်ကို ဗြိတိန်က သင်ခန်းစာအဖြစ် သင်ယူခဲ့တာလို့ ဝန်ကြီး ဒါရန်ဂျုံးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013