DVB Logo
Home
မြန်မာသတင်း
သောင်းချီ အလုပ်ကိုင်ဖန်တီးပေးမည့် စက်ရုံ ၂ ခု မအူပင်တွင် တည်ဆောက်မည်
DVB
·
December 25, 2014
သောင်းချီ အလုပ်ကိုင်ဖန်တီးပေးမည့် စက်ရုံ ၂ ခု မအူပင်တွင် တည်ဆောက်မည်
Donate to DVB

အလုပ်အကိုင်အခွင့်အလမ်း သောင်းနဲ့ချီ ဖန်တီးပေးနိုင်မယ့်  ICT Project နဲ့ Adidas ကုမ္ပဏီတွေရဲ့ စက်ရုံတွေကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ဆောက်လုပ်ဖို့ရှိ တယ်လို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ICT Project ကို ထိုင်ဝမ်ကုမ္ပဏီဖြစ်တဲ့ Electrical and Electrionic Manufactures Association ကုမ္ပဏီက မအူပင်မြို့နယ် ပံတပွတ်ကျေးရွာအနီးမှာ ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံကာ တည်ဆောက်မှာဖြစ်ပြီး လုပ်သား ၂ သောင်းကနေ ၃ သောင်းအထိ အလုပ်အကိုင် အခွင့်အလမ်းရရှိမယ်လို့ ဆိုပါတယ်။

Adidas Company ရဲ့ အားကစားစက်ရုံကိုလည်း မအူပင်မြို့နယ်၊ မင်းဘောကျေးရွာမှာ ဒေါ်လာ သန်း ၂၀၀ အထိ ရင်းနှီးမြှုပ်နှံတည်ဆောက်မှာဖြစ်ပြီး လုပ်သား သုံးသောင်း အလုပ်အကိုင်အခွင့်အလမ်းရရှိမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013