DVB Logo
Home
နိုင်ငံတကာ
ခေတ်ရှေ့ပြေး AI စက်ရုပ်ဖုန်းသစ် Honor ပြသ
DVB
·
March 2, 2026
ခေတ်ရှေ့ပြေး AI စက်ရုပ်ဖုန်းသစ် Honor ပြသ
Donate to DVB

Honor ဖုန်းကုမ္ပဏီဟာ AI စွမ်းအင်သုံး စက်ရုပ်ဖုန်းတွေရဲ့ ရှေ့ပြေးဖုန်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒီဖုန်းမှာ ကုမ္ပဏီရဲ့ နောက်ဆုံး AI စနစ်ပါဝင်ပြီး အသုံးပြုသူနဲ့ ပတ်ဝန်းကျင်ကို အပြန်အလှန် အသုံးပြုနိုင်တဲ့ ဒီဇိုင်းပုံစံဖြစ်ပြီး မော်တာပါတဲ့ gimbal လည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဖုန်းမှာပါတဲ့ ကင်မရာဟာ ဗွီဒီယိုရိုက်တဲ့နေရာမှာ လူတွေနောက်ကို အလိုလျောက်ချိန်နိုင်တဲ့စနစ် ပါဝင်ပါတယ်။

လက်နဲ့ကိုင်ပြီး ဗွီဒီယိုရိုက်တဲ့အချိန် gimbal တခုအဖြစ် စွမ်းဆောင်နိုင်မှာဖြစ်ကာ သီချင်းသံတွေကိုလည်း ခေါင်းလှုပ်တာ၊ ကတာနဲ့ ကိုင်းညွှတ်တဲ့ပုံစံ ရွေ့လျားမှုတွေနဲ့ တုံ့ပြန်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ဒီနည်းပညာဟာ အနာဂတ် ရုပ်ရှင်တွေမှာ ပါဝင်မဲ့ နည်းပညာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

အဲဒီနည်းပညာထဲမှာ ပတ်ဝန်းကျင်ပတ်လည်ကို သိနိုင်မဲ့ ခရီးသွားဆိုင်ရာ ကင်မရာစွမ်းဆောင်ရည်နဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မဲ့ အသုံးပြုနိုင်မှုတွေ ပါဝင်မယ်လို့လည်း ပြောပါတယ်။

Honor ကုမ္ပဏီဟာ Magic V6 ခေါက်ဖုန်းကို စတင်မိတ်ဆက်ခဲ့တဲ့ပွဲမှာ နည်းပညာအသစ် ပါဝင်တဲ့ ဖုန်းကို ပြသခဲ့တာပါ။

Magic V6 ခေါက်ဖုန်းဟာ IP68 နဲ့ IP69 ရေနဲ့ ဖုန် ကာကွယ်မှု စနစ်တွေ ပါဝင်သလို ပါးလွှာတဲ့ Ultra-thin ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတယ်လို့ မိတ်ဆက်ခဲ့ပါတယ်။

Magic V6 ခေါက်ဖုန်းမှာ one tap file sharing ပါဝင်သလို Apple ကွန်ပျူတာတွေနဲ့ အပြန်အလှန် ဖိုင်တွေပို့နိုင်မှာ ဖြစ်ပါတယ်။

Honor ကုမ္ပဏီဟာ ဖုန်းသစ်မိတ်ဆက်ပွဲမှာ လူပုံစက်ရုပ်ကို တိုးတက်လာပုံကိုလည်း ပြသခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013