DVB Logo
Home
Lead Story
လက်ပံတောင်းအဓိကရုဏ်း စုံစမ်းရေးအဖွဲ့ဖွဲ့၊ ခြံစည်းရိုးခတ်မှုကို ရပ်တန့်
DVB
·
December 24, 2014
လက်ပံတောင်းအဓိကရုဏ်း စုံစမ်းရေးအဖွဲ့ဖွဲ့၊ ခြံစည်းရိုးခတ်မှုကို ရပ်တန့်
Donate to DVB

လက်ပံတောင်းတောင် အဓိကရုဏ်းဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသာအေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ အဖွဲ့တဖွဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးကြပြီး အဓိကရုဏ်းနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေပြီလို့ ၀န်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။

 

[caption id="attachment_74672" align="aligncenter" width="722"]ဓာတ်ပုံ - ကိုဟန်ဝင်းအောင် ဓာတ်ပုံ - ကိုဟန်ဝင်းအောင်[/caption]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုသွာေးရာက်ဆွေးနွေးတဲ့ အဖွဲ့ထဲမှာပါတဲ့  လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်ကို မေးမြန်းထားပါတယ်။

 ဒေါက်တာမြင့်နိုင်တို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့သွားတွေ့ကြတာ ဘာတွေ ပြောဆိုဆွေးနွေးကြလဲခင်ဗျ။

"ဟုတ်ကဲ့ နေ့ခင်း ၂ နာရီ သုံးနာရီမတ်တင်းလောက်က တွေ့ပါတယ်။ အခု ၂၂ ရက်နေ့ကဖြစ်သွားတဲ့ မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်းသေသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဓိကရုဏ်းနှိမ်နင်းတာနဲ့ပတ်သက်ပြီးတော့ ၀န်ကြီးချုပ်ဦးသာအေးနဲ့ သွားတွေ့တာပါ။

"ကျနော်တို့အနေနဲ့ကတော့ ဒီ ခြံစည်းရိုးခတ်နေတဲ့ကိစ္စက ဆက်ခတ်ဦးမလား၊ ဆက်ခတ်ရင် ပြဿ      နာတွေ အများကြီးဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။ သူက ခြံစည်းရိုးခတ်တာ ပြီးသွားပါပြီတဲ့ ဆက်ခတ်စရာမလိုတော့ပါဘူးတဲ့။ နောက်တခါ ဆည်ရွာမှာ ရဲမှူးကြီးက မီးရှို့မယ်ဆိုပြီး ကြိမ်းသွားတာ ဟုတ်ပါသလားဆိုတော့ မဟုတ်ပါဘူးတဲ့။ နောက် အခုကိစ္စမှာ ဘယ်သူက တာဝန်ရှိပြီး ဘယ်လိုဖြေရှင်းကြမှာလဲလို့ မေးတော့ သူတို့ ကော်မရှင်ဖွဲ့ထားပါတယ်တဲ့။ ပြောကြားလိုက်ပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံး ညွှန်ကြားရေးမှူး ဦးကျော်သူအောင်၊ ခရိုင်ဥပဒေအရာရှိနဲ့ ဒုရဲမှူးကြီးတဦး အဲဒီသုံးဦးနဲ့ သူတို့ ကော်မရှင်ဖွဲ့ထားပါတယ်တဲ့။ ဒီကိစ္စကို ဘယ်လိုတာဝန်ယူဖြေရှင်းမလဲဆိုတော့ အဲဒီကော်မရှင် အစီရင်ခံစာထွက်လာပြီးမှ အမြန်ဆုံးဖြေရှင်းပါ့မယ်တဲ့။ နှစ်ပတ်အတွင်း ဖြေရှင်းပါ့မယ်တဲ့။

"ကျနော်က ပြောတယ် ရဲတွေက ဒီလိုဖြေရှင်းနည်းဟာ ကျနော်တို့ အနေနဲ့ လုံးဝလက်သင့်မခံပါဘူးလို့ ပြောလိုက်တယ်လေ။ အဲဒီကျတော့ သူတို့ နောက်နောင် ဒါလိုမျိုးမဖြစ်အောင် သူတို့လုပ်ဆောင်ဖို့၊ လယ်ယာမြေ မြေကိတ်စတွေအားလုံးကို လျော်ကြေးပေးနိုင်ရင် ထပ်ပေးဖို့၊ အားလုံးညှိနှိုင်းဖို့ ကျနော်တို့ ပြောခဲ့ကြတာပါ။"

 ခြံစည်းရိုးခတ်တဲ့လုပ်ငန်းက ပြီးသွားပြီပေါ့ ဟုတ်လား။

"ဒီအပတ်တော့ ပြီးသွားပြီတဲ့ ။ နောက်တခါတော့ မသိဘူးတဲ့။ အဲဒီကိစ္စအတွက် အ ခုပါသွားတဲ့ လယ်ယာမြေတွေကိစ္စအတွက် တနှစ်စာ သီးနှံလျော်ကြေးပေးမယ်တဲ့၊ နောက် အရင်က မြေယာလျော်ကြေးပေးထားတဲ့အတိုင်းပဲ မည်သူမဆို  အချိန်မရွေးလာထုတ်လို့ရပါတယ်တဲ့။ လျော်ကြေးလည်း တိုးပေးထားပါတယ်လို့ ပြောတယ်ဗျ။"

အသက်သေဆုံးမှုတွ ထိခိုက်ဒဏ်ရာရခဲ့သူတွေအတွက် နစ်နာကြေး ပေးရေးကိစ္စရော။

"ထိခိုက်ဒဏ်ရာရသေဆုံးတဲ့ ဒေါ်ခင်ဝင်းကိစ္စကိုတော့ သူတို့ ကြားကနေ ၀င်နေပါတယ်။ အခုနေ ၀င်သွားရင် တမျိုးဖြစ်မှာစိုးလို့။ သူတို့တော့ လျော်ကြေးပေးဖို့တော့ အစီအစဉ်ရှိတယ်လို့ ပြောတယ်။ ဒဏ်ရာရသူတွေ ဆေးရုံတက်သူတွေအတွက်လည်း သူတို့ပြောပါတယ်။"

ဒေသခံတွေရဲ့ အမျက်ဒေါသ ပြေလျော့အောင် ၀န်ကြီးချုပ်ဦးသာအေးက ဘာတွေထပ်ပြောလိုက်သေးလဲခင်ဗျ။

"အဲဒါ ဒေါ်ခင်စန်းလှိုင် (တွေ့ဆုံပွဲမှာပါတဲ့ ပုလဲမြို့နယ်အမတ်) နဲ့ညှိပြီးတော့ နောက်နောင် သူတို့ဆက်လုပ်မယ့်ဟာတွေကို ဒေသခံတောင်သူနဲ့ ညှိနှိုင်းပြီးတော့ သပ်သပ် ဖြေရှင်းအောင်လုပ်ပါ့မယ်တဲ့။ သူတို့ပြောတာ ခြောက်ဆယ်ရာခိုင်နှုန်း လက်သင့်ခံထားတဲ့အတွက် ဆက်လုပ်ရတာပါလို့ ပြောတယ်ဗျ။ သူတို့ တတ်နိုင်သမျှညှိပါ။ ဒီလိုမျိုးပြဿ     နာမဖြစ်အောင်လုပ်ပါ၊ တိုင်းအနေနဲ့လည်း ဒီကိစ္စကို လက်သင့်မခံဘူးဆိုတာ ကြေညာချက်တစောင် (စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကြေညာချက်) ထွက်ပါတယ်။"

ဒီကနေ့တွေ့ဆုံမှုနဲ့ပတ်သက်လို့ ကျေနပ်အားရမှုရှိလား။

"အင်း၊ ဒါ သူတို့ပြောတဲ့ကိစ္စကို စောင့်ကြည့်ရဦးမှာပေါ့ဗျာ။ သူတို့အပြောနဲ့ အလုပ်နဲ့ ညီမညီ။ နှစ်ပတ်အတွင်း စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးတော့ ဘယ်လို လုပ်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရဦးမှာပေါ့။ နှစ်ပတ်အတွင်းလုပ်မယ်လို့တော့ ပြောတာပဲ။"

(မှတ်ချက်။ ။ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီကနေ့ ထုတ်ပြန် ကြေညာချက်မှာ အာဏာပိုင်နဲ့ ပြည်သူတွေရဲ့ ပဋိပက္ခတွေမှာ လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို  ကန့်ကွက်ရှုတ်ချထားပြီး အဓိကရုဏ်းဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ပေးဖို့နဲ့ လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအချက်တွေကို လေးစာလိုက်နာ အကောင်အထည်ဖော်ပေးဖို့ တိုက်တွန်းထားပါတယ်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013