DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းပဋိပက္ခ သေဆုံးသူအတွက် ၀မ်းနည်းကြောင်း တရုတ်အစိုးရ ပြော
DVB
·
December 24, 2014
လက်ပံတောင်းပဋိပက္ခ သေဆုံးသူအတွက် ၀မ်းနည်းကြောင်း တရုတ်အစိုးရ ပြော
Donate to DVB

လက်ပံတောင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ စိုးရိမ်ဝမ်းနည်းမိပါကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Latpadaung 22122014ပီကင်းမြို့တော်မှာ ဒီနေ့ ပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ တရုတ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရးဆိုခွင့်ရှိသူ ဟွာချွန်ယင်က ဒီကိစ္စကို ထည့်သွင်း ပြောကြားသွားတာပါ။

အခု ပဋိပက္ခမှာ အသက်ဆုံးရှုံးရသူအတွက် တရုတ်အစိုးရအနေနဲ့ ၀မ်းနည်းမိကြောင်း၊ ပြဿ နာတခုကို ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း သူကဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တရုတ် ၀မ်ပေါင်ကုမ္ဗဏီက ခြံစည်းရိုးခတ်ရာကနေ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး မိုးကြိုပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ကျည်ထိမှန် သေဆုံးကာ ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တရုတ်နဲ့ မြန်မာ အစိုးရတွေဟာ ချစ်ကြည်ရေးခိုင်မာတဲ့ အိမ်နီးနားချင်း နိုင်ငံတွေ ဖြစ်ကြပြီး တရုတ်ကုမ္ဗဏီတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရာမှာ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ တရားဥပဒေကို အလေးထားဖို့အပြင် လူမှုရေးဆိုင်ရာ တာဝန်ယူမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကို ဂရုပြုဖို့ တရုတ်အစိုးရအနေနဲ့ တရုတ်စီးပွားရေးသမားတွေကို အလေးအနက် တိုက်တွန်းကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ပါဝင်တဲ့ မြန်မာဝမ်ပေါင်ကုမ္ဗဏီဟာ တရုတ် လက်နက်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းတခုဖြစ်တဲ့ China North Industries Group ရဲ့ လက်အောက်ခံဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013