DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ကရင်နီကပြည်သူ အယောက် ၈၀၀ ကျော်သေဆုံး
DVB
·
March 1, 2026
အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ကရင်နီကပြည်သူ အယောက် ၈၀၀ ကျော်သေဆုံး
Donate to DVB

စစ်တပ်က အာဏာသိမ်းထားတဲ့ ၅ နှစ်တာကာလအတွင်း ကရင်နီနဲ့ ကယန်းဒေသက စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူ ၈၅၅ ယောက် သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီအင်အားစု PKPF က မတ် ၁ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ၅ နှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း ၁,၅၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၁၃၅ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄,၀၈၆ ယောက်သေဆုံးပြီး စစ်တပ်ရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် ၄ စင်း၊ စစ်သုံးယာဉ် ၆၉ စီး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးတော့ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာခံရသူ ပြည်သူ အယောက် ၁၄၀ ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သလို ဒီကာလအတွင်း နေအိမ်ပေါင်း ၃,၂၉၄ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အအုံ ၆၅ ခု၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၉ ခုတို့ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

မိုးဗြဲမြို့နားမှာရှိတဲ့ တော်လှန်ရေးရဲဘော်တယောက်က “စစ်တပ်က ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်၊ ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူတွေနေရာ ရွှေ့ပြောင်းရတာတွေလည်း ရှိတယ်။ ဒီနေ့လည်း လက်နက်ကြီးပစ်တာ ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်နေရာအနှံ့ကို စစ်ကြောင်းထိုးနေသလို စစ်ဘေးရှောင် ပြည်သူတွေရှိရာ နေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး စစ်ကြောင်းထိုးတဲ့အခါ ဒရုန်းနဲ့ ဗုံးကြဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013