DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားမှ ခိုးယူခံရသည့် ရှေးဟောင်းအမွေအနှစ်များကို ဗြိတိန်မိသားစု ပြန်အပ်
DVB
·
February 28, 2026
ကမ္ဘောဒီးယားမှ ခိုးယူခံရသည့် ရှေးဟောင်းအမွေအနှစ်များကို ဗြိတိန်မိသားစု ပြန်အပ်
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ ခမာနီခေတ်တွေအတွင်းမှာ နိုင်ငံပြင်ပကို တရားမဝင် ခိုးထုတ် ခံခဲ့ရပြီး အမိမြေကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ခမာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းပေါင်း ၇၄ ခုကို ပြန်လည်လက်ခံတဲ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယား သံဃာတော်တွေက အမွေအနှစ်ပစ္စည်းတွေကို ကောင်းချီးပေးခဲ့ကြပါတယ်။

ဒီပစ္စည်းတွေဟာ ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်းတွေကို တရားမဝင် စုဆောင်းကာ မှောင်ခိုကူးခဲ့သူ ဗြိတိန်အနုပညာပစ္စည်း ရောင်းဝယ်ရေးသမား ဒေါက်ဂလပ်စ်လက်ချ်ဖို့ဒ်ရဲ့ လက်ထဲမှာ ရှိနေခဲ့တာဖြစ်ပြီး အခုအခါမှာတော့ သူ့ရဲ့မိသားစုက ကမ္ဘောဒီးယားအစိုးရဆီ ပြန်လည် ပေးအပ်ခဲ့တာပါ။

၁၉၆၀ ပြည့်နှစ်တွေကနေ ၁၉၉၀ ပြည့်နှစ်တွေအထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းပဋိပက္ခတွေအတွင်းမှာ ကမ္ဘောဒီးယားရဲ့ ရှေးဟောင်းသုတေသနနယ်မြေတွေဟာ အကြီးအကျယ် လုယက်ဖျက်ဆီးခံခဲ့ရပြီး အစိုးရဟာ ရှေးဟောင်းပစ္စည်းတွေ ပြန်လည်ရရှိဖို့ နှစ်ပေါင်းများစွာ အချိန်ပေး ကြိုးပမ်းခဲ့ပါတယ်။ 

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် ဟွန်မာနက်က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အခုလို အမွေအနှစ်တွေ ပြန်လည်ရရှိခဲ့တယ်လို့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ 

“နိုင်ငံအတွက်၊ အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ဝန်ကြီးချုပ် ဟွန်မာနတ်ရဲ့ ဦးဆောင်မှု၊ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ကြိုးပမ်းမှုအပြင် တခြားနိုင်ငံတွေရဲ့ရဲ့ ပူးပေါင်းကူညီမှုကြောင့် ယခုလို ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ရရှိနိုင်ခဲ့တာပါ။ ဒီပစ္စည်းတွေဟာ ကျနော်တို့ရဲ့ ဘိုးဘေးဘီဘင် တွေကနေ ဆက်လက်ထိန်းသိမ်းလာတဲ့ အမွေအနှစ်တွေဖြစ်ပြီး မျိုးဆက်သစ် ခမာကလေးများ အတွက် အရေးကြီးတဲ့ အမွေအနှစ်များ ဖြစ်ပါတယ်။”

ကမ္ဘောဒီးယားနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကြား ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကတဆင့် မကြာခင်မှာ ကျန်ရှိနေသေးတဲ့ ရှေးဟောင်းပစ္စည်းတွေကိုလည်း ပြန်လည်ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် ဟွန်မာနတ်က ပြောပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013