DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းတံတား ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံရ
DVB
·
February 27, 2026
ဖားဆောင်းတံတား ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံရ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့နယ်ကနေ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတားဖြစ်တဲ့ ဖားဆောင်းတံတားဟာ ဒုတိယအကြိမ်မြောက် ထပ်မံ မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်မှာ ထပ်မံ မိုင်းခွဲဖျက်ဆီးခံရတာဖြစ်ပြီး တံတားအရှည် ပေ ၃၀၀ လောက် ထပ်မံပျက်စီးသွားခဲ့တယ်လို့ စစ်တပ်ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

ဒေသခံတယောက်က “ဒီတံတားက ဖားဆောင်းဒေသအတွက် အရေးကြီးဆုံး လမ်းကြောင်းပါ။ အခုလို ထပ်ပြီး မိုင်းခွဲခံရတော့ သွားလာရေးတင်မက စားဝတ်နေရေးပါ တော်တော်လေး ခက်ခဲသွားတယ်” လို့ ပြောပါတယ်။

ဒီမိုင်းခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တာလဲ ဆိုတာကိုတော့ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးပါဘူး။

ဖေဖော်ဝါရီ ၁၅ ရက်မှာ ဖားဆောင်းမြို့ထဲကို စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်မှာလည်း ဖားဆောင်းတံတားကို ပထမအကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း စစ်တပ်စစ်ကြောင်းတွေက တံတားအနီးတဝိုက်ကို ထိန်းချုပ်ခဲ့ပြီး ခဲမဖြူရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ခဲမဖြူရွာအနီးနေထိုင်သူ ဒေသခံတယောက်က “တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတော့ နေရပ်စွန့်ခွာဖို့တောင် မလွယ်ဘူး။ လုံခြုံရေးအတွက် အရမ်းစိုးရိမ်နေရပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဖားဆောင်းမြို့နယ်အတွင်းရှိ ဖားဆောင်း–ဝမ်အောင်း–ချိကွဲ့–စောင်းလော့ လမ်းပိုင်းပေါ်က ပွန်ချောင်းဖြတ်ကူးတံတားလည်း ဖေဖော်ဝါရီ ၂၀ ရက်မှာ မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာ ဖားဆောင်းမြို့နယ်ကနေ မော်ချီးဒေသဘက်ကို စစ်တပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ခဲမဖြူရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013