DVB Logo
Home
မြန်မာသတင်း
၂၀၁၄ ခုနှစ်အတွင်း မြန်မာအပါအ၀င် သတင်းထောက်သေဆုံးမှု ၆၀ ကျော်ရှိ
DVB
·
December 24, 2014
၂၀၁၄ ခုနှစ်အတွင်း မြန်မာအပါအ၀င် သတင်းထောက်သေဆုံးမှု ၆၀ ကျော်ရှိ
Donate to DVB

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀ှမ်းမှာ တာဝန်ထမ်းဆောင်ရင်း သေဆုံးရတဲ့ သတင်းထောက် ၆၀ ထက်မနည်း ရှိတယ်လို့  အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးအဖွဲ့ (စီပီဂျေ) ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

Ko Par Gyi06112014သေဆုံးရတဲ့ သတင်းထောက်အများစုဟာ နိုင်ငံဖြတ်ကျော်သတင်းယူတဲ့ သတင်းထောက် တွေဖြစ်ပြီး အများစုဟာ အရှေ့အလယ်ပိုင်း ယူကရိန်း၊ အာဖဂန်နစ္စတန် ပဋိပက္ခအခြေအနေ တွေကို သတင်းယူတဲ့သတင်းထောက်တွေဖြစ်တယ်လို့ ( စီပီဂျေ) က ထောက်ပြထားပါတယ်။

သတင်းထောက်တွေအတွက် အန္တရာယ် အများဆုံးကတော့ ပြီးခဲ့တဲ့နှစ်ထဲ သတင်းသမား ၁၇ ယောက် အသတ်ခံခဲ့ရတဲ့ ဆီးရီးယား နိုင်ငံဖြစ်တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက အလွတ်သတင်းထောက် ကိုပါကြီး ကို စစ်တပ်က ဖမ်းဆီးထားချိန်သေဆုံးမှုကိုလည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဒီဇင်ဘာလက ၁၇ ရက်နေ့က ထုတ်တဲ့ စိပီဂျေ အစီရင်ခံစာမှာလည်း သတင်းသမားတွေကို ထောင်ချခံရမှု အများဆုံး ထိပ်တန်း ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်းပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတ၀န်း သတင်းထောက် ၂၀၀ ကျော်ဟာ သူတို့လုပ်ငန်းတာဝန်ကို လုပ်ဆောင်မှုအတွက် ထောင်ဒဏ်ချမှတ်ခံနေရပြီး မနှစ်ကထက် ၉ ဦး ထပ်ထိုးလာတယ်လို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ထုတ် စီပီဂျေ ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013