DVB Logo
Home
မြန်မာသတင်း
သေဆုံးနေသည့် မြန်မာဒုက္ခသည် ၁ ဦးကို အမေရိကန်နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့ကတွေ့ရှိ  
DVB
·
February 26, 2026
သေဆုံးနေသည့် မြန်မာဒုက္ခသည် ၁ ဦးကို အမေရိကန်နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့ကတွေ့ရှိ  
Donate to DVB

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ အမြင်အာရုံ မသန်စွမ်းတဲ့ မြန်မာနိုင်ငံကလာတဲ့ ဒုက္ခသည်တယောက်ကို နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့က သူ့ရဲ့နေအိမ်နဲ့ အလှမ်းဝေးရာအရပ်မှာ စွန့်ပစ်ခဲ့ပြီးနောက် သေဆုံးရက်သားအနေအထားနဲ့ ပြန်လည်တွေ့ရှိ ခဲ့ရတယ်လို့ အမေရိကန်အခြေစိုက် Raw Story သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တယောက် ဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ် နူရူလ်အာမင် ရှာအလမ်ဟာ အမြင်အာရုံမသန်စွမ်းသူ ဖြစ်တာကြောင့် လမ်းမှားကာ သူစိမ်းတယောက်ရဲ့ အိမ်ထဲ မှားယွင်းဝင်ရောက်မိရာကနေ ပိုင်နက်ကျူးကျော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူလလမ်းလျှောက်ရာမှာ အသုံးပြုတဲ့ လိုက်ကာတန်းကို ကိုင်ဆောင်ထားခဲ့တာကြောင့် လက်နက်ကိုင်ဆောင်မှုနဲ့ပါ ထပ်မံစွဲချက်တင်ခံခဲ့ရတာပါ။

ရှာအလမ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်မွန်းလွဲပိုင်းက အီရီကောင်တီအချုပ်စခန်းကနေ အာမခံနဲ့ လွတ်မြောက်လာပြီးကတည်းက ပျောက်ဆုံးနေခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်ည ၈ နာရီခွဲလောက်မှာ ဘတ်ဖဲလိုးမြို့၊ ပယ်ရီလမ်းအနီးမှာ အမျိုးသားတယောက် သေဆုံးနေကြောင်း သတင်းပို့ချက်အရ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာကနေ သူ့ရဲ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ မြို့တော် ခန်းမပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ သူ့ကို အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးချိန်မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားခဲ့ကြပေမဲ့ အင်္ဂလိပ်စကား အနည်းငယ်သာ ပြောတတ်တဲ့အပြင် မျက်စိလည်းမမြင်ရတဲ့ ရှာအလမ်ကို နေအိမ်ကို အရောက်မပို့ဘဲ အိမ်နဲ့ ၅ မိုင်လောက် ဝေးတဲ့ ဒိုးနပ်မုန့်ဆိုင်တဆိုင်မှာ ချထားခဲ့ပြီးနောက် လမ်းပျောက်ကာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

Source: Raw Story

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013