
ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလ်ဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ဂျော်ဒန်နိုင်ငံ အာမန်မြို့က ဘတ်စ်မန်နန်းတော်မှာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို လက်ခံကြိုဆိုခဲ့ပါတယ်။
ခေါင်းဆောင် ၂ ယောက် တွေ့ချိန်မှာ ပရာဘိုဝိုက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ နှစ်နိုင်ငံ ဖြေရှင်းချက်ကို ထောက်ခံတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစီအစဉ်အပေါ် သူ့နိုင်ငံက ထောက်ခံမှုဟာ တည်တံ့တဲ့ ဖြေရှင်းချက်ကို ရဖို့ တတ်နိုင်သမျှ ဆောင်ရွက်ရေး ရည်ရွယ် ကြိုးပမ်းအားထုတ်ဖို့ပါလို့ ပြောပါတယ်။
အင်ဒိုနီးရှားဟာ ဖေဖော်ဝါရီလ အစောပိုင်းမှာ ပထမဆုံး အစည်းအဝေးကို ကျင်းပခဲ့တဲ့ ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတခုပါ။
ပရာဘိုဝိုက သူ့နိုင်ငံဟာ ဂါဇာငြိမ်းချမ်းရေးကို နောက်ဆုံးမှာ ဖြန့်ကြက်တဲ့အခါ ထိန်းသိမ်းဖို့ ကူညီပေးမဲ့ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ဆီ အင်ဒိုနီးရှားတပ်ဖွဲ့ဝင် အယောက် ၈,၀၀၀ အထိ ပံ့ပိုးပေးမယ်လို့ ကြေညာခဲ့ပါတယ်။
Source: Reuters










