DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းပဋိပက္ခ လေ့လာစုံစမ်းရန် အန်အယ်လ်ဒီတိုက်တွန်း
DVB
·
December 24, 2014
လက်ပံတောင်းပဋိပက္ခ လေ့လာစုံစမ်းရန် အန်အယ်လ်ဒီတိုက်တွန်း
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ ဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ တိကျမှန်ကန်စွာ လေ့လာစုံစမ်းပြီး တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး မူတွေနဲ့အညီ အမြန်ဆုံးဆောင်ရွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ပြည့်ပြည့်၀၀ အကောင်အထည်မဖော်တာနဲ့ ရုန်းရင်ဆန်ခတ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ အတိအကျရှိပေမယ့် လိုက်နာမှုမရှိတာတွေကြောင့် နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ အဖြစ်တွေ ဖြစ်ခဲ့ရတာလို့ ထောက်ပြထားပါတယ်။

10610504_771945172855079_2374669788990602509_n၂၀၁၂ ခုနှစ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် သပိတ်စခန်းတွေ ဖွင့်လှစ်ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့က မီးခိုးဗုံးနဲ့ ပစ်ခတ်လို့ သံဃာတော်အများအပြား မီးလောင်ဒဏ်ရာရခဲ့ကြပြီး အစိုးရက နောက်ပိုင်းမှာ တောင်းပန်ခဲ့ပါတယ်။

ဒီအခင်းဖြစ်ပြီးနောက်မှာ သမ္မတက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။

ကော်မရှင်က အပြီးသတ်အစီရင်ခံစာကို  ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ သမ္မတထံတင်သွင်းခဲ့ရာမှာ  တင်သွင်းတဲ့နေ့မှာ စီမံကိန်းနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကော်မတီကို သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပါတယ်။

ဒီကော်မတီဟာ အခုချိန်ထိ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013