DVB Logo
Home
မြန်မာသတင်း
မင်းတပ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် သားအမိ ၂ ဦး သေဆုံး
DVB
·
June 24, 2026
မင်းတပ်မြို့မှ စစ်ရှောင်ပြည်သူအချို့။ (Photo: HKL Mindut)
မင်းတပ်မြို့မှ စစ်ရှောင်ပြည်သူအချို့။ (Photo: HKL Mindut)
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဇွန် ၂၂ ရက် ညပိုင်းက စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲလို့ ၂ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “ကျောက်တောင်ရွာနားက တောင်ယာတဲတွေဘက်ကို စစ်တပ်ဘက်က အဲဒီနေ့ည ၁၁ နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးလာကြဲသွားလို့ ကျောက်တောင်ရွာကနေ တောင်ယာတဲထဲမှာ စစ်ရှောင်နေကြတဲ့ ၂ နှစ်အရွယ် ကလေးငယ်တယောက်နဲ့ သူ့အမေပါ ဆုံးသွားတယ်။ စစ်ရှောင်ပြည်သူ ၃ ယောက်လောက်လည်း ဒဏ်ရာရသေးတယ်” လို့ ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာ စစ်တပ်လက်အောက်ခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ယောဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မင်းတပ်ဝန်းကျင်နဲ့ ကန်ပက်လက်ဝန်းကျင်တွေဘက်မှာ နေ့တိုင်း တိုက်ပွဲတွေဖြစ်တယ်။ စစ်တပ်ဘက်က ရဟတ်ယာဥ်တွေနဲ့ အင်အားဖြည့်တာတွေ လူနာသယ်တာတွေလည်း ဆက်တိုက်လုပ်နေတယ်။ စစ်တပ်ဘက်က ဗုံးကြဲတာတွေလည်း တောက်လျှောက်ပဲ။ မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက် မရှိဘဲနဲ့တော့ စစ်ရေးအခြေအနေကို ပြောပြလို့မရသေးပါဘူး” လို့ DVB ကို ပြောပါတယ်။

မင်းတပ်မြို့နယ်ဝန်းကျင်ကို ဇွန် ၂၂ ရက် မနက် ၇ နာရီဝန်းကျင်ကစပြီး မွန်းလွဲ ၁၂ နာရီဝန်းကျင်အထိ စစ်တပ်ရဲ့ Y12 ဗုံးကြဲလေယာဥ်အပြင် ဂျက်တိုက်လေယာဉ်တွေက ဗုံးအလုံး ၈၀ နီးပါး ကြဲချခဲ့သလို ဇွန် ၂၃ ရက်နေ့မှာလည်း ဗုံး ၁၀ လုံးနီးပါး ကြဲချခဲ့သေးတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီးလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပိုမိုအခြေအနေ ပြင်းထန်လာနိုင်သလို စစ်တပ်ဘက်ကလည်း အခုဇွန်လဆန်းပိုင်းကနေ ဇွန် ၂၃ ရက်အထိ မင်းတပ်မြို့နယ်ထဲကို လေကြောင်းကနေ ဗုံးတွေ နေ့စဥ်မပြတ် ကြဲချနေပါတယ်။

ဒါ့ကြောင့် ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ လေကြောင်းအန္တရာယ် သတင်းတွေနဲ့ မြေပြင်စည်းကမ်းချက်တွေကို အလေးထား လိုက်နာပေးကြဖို့လည်း မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013