DVB Logo
Home
Lead Story
တာချီလိတ် ဈေးဆိုင်ခန်းများ ပြန်ရရေးဆန္ဒပြ
DVB
·
December 24, 2014
တာချီလိတ် ဈေးဆိုင်ခန်းများ ပြန်ရရေးဆန္ဒပြ
1 / 15
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ  ဈေးသစ်ပြန်လည်တည်ဆောက်ရာက နေရာပျောက်ခဲ့ရတဲ့ ဈေးသည်တွေ အနေနဲ့ သူတို့နေရာတွေ ပြန်ရရေး  ဒီကနေ့ မနက် ဆန္ဒပြခဲ့ပါတယ်။

ဝမ်ကောင်းရပ်ကွက်ထဲမှာရှိတဲ့ မြို့မဈေးကို ခေတ်မီဈေးကြီးအဖြစ်သက်ဆိုင်ရာက ပြန်လည်တိုးချဲ့တည်ဆောက်ပြီး ပြန်လည်နေရာချထားပေးရာမှာ အဆင်မပြေသေးတဲ့ ဈေးသည်ပေါင်း ၁၀၀ ကျော်က တောင်းဆိုဆန္ဒပြနေတာလို့  ဆန္ဒပြခေါင်းဆောင် တဦးဖြစ်သူ ဦးလှခင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဈေးရောင်းဖို့ ခုံနေရာပေါင်း ၈၆ ခုံ ပြန်ရလိုတဲ့ ဈေးသည်တွေနဲ့ တခြားဈေးသူဈေးသားတွေပါ စုစုပေါင်း လူ ၁၅၀ လောက်ပါပါတယ်ခင်ဗျ။ မဟာမြတ်မုနိဘုရား နမ့်ယွန်းချောင်းဘေးကနေ ကြွေးကြော်သံတွေနဲ့ လမ်းလျှောက် ချီတက် လာတာပါ။ ဆန္ဒပြခွင့်ကိုလည်း သက်ဆိုင်ရာကို တင်ပြီးပါပြီ။ တောင်းဆိုချက်တွေလည်း ပေးပို့ပြီးပါပြီ။ ဒီကနေ့ကတော့ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်တာပါ။”

သူတို့တတွေဟာ မူလက နယ်စပ်ဖြတ်တံတားထိပ်ထိ သွားဖို့ ရည်ရွယ်ထားပေမယ့် ကမ္ဘောဇဘဏ်နားအရောက် ရဲမှူးကြီးက ကားနဲ့ရောက်လာပြီး အဲဒီမှာ နိုင်ငံခြားသားတွေ များတဲ့အတွက် မျက်နှာပျက်စရာဖြစ်မှာစိုးတာကတကြောင်း၊ လုံခြုံရေး တာဝန်မယူနိုင်ဘူးလို့ဆိုပြီး လူစုခွဲခိုင်းတဲ့အတွက် မြို့ထဲကနေ လှည့်ပြန်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီကနေ့ဆန္ဒပြသူတွေမှာ များသောအားဖြင့် ပျံကျဈေးသည်တွေဖြစ်ပြီး မိမိနဂိုနေရာမှာ ပြန်မရတာ၊ ဆိုင်ခန်းခဈေးကို အဆင့်ဆင့်တင်ရောင်းတာ၊ ငွေပေးနိုင်တဲ့သူသာ နေရာကောင်းရတာတွေကို မကျေနပ်တဲ့အတွက် ဆန္ဒပြရတာလို့ ဆိုပါတယ်။

ဒီပြဿနာကို ဖြေရှင်းပေးဖို့ ရှမ်းပြည်နယ်ဝန်ကြီးချုက်အထိ စာရေးတိုင်တန်းထားပေမယ့် ပြေလည်မှုမရှိသေးဘူးလို့ အခြား ဆန္ဒပြသူတဦးက ပြောပါတယ်။

ဒီကနေ့တောင်းဆိုချက်ထဲမှာ မူလဆိုင်ခန်း ၈၆ နေရာ မြေညီထပ်မှာ အပြည့်အ၀ ပြန်ရရှိရေး အပြင် ဈေးဆောက်လုပ်မှု ချက်ချင်း ရပ်ဆိုင်းဖို့၊ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမူ အမြန်ဆောင်ရွက်ဖို့ ၊ ကိုယ်ကျိုးရှာ ဈေးကော်မတီ  ၃ ဦးကို  အရေးယူဖို့၊ တင်ဒါ စည်းကမ်းဖောက်ဖျက်တဲ့ မင်းခေတ်သစ် ကုမ္ပဏီကို အရေးယူပေးဖို့၊ နိုင်ငံတော်က ချထားတဲ့ စည်းကမ်းမလိုက်နာသူတွေ၊ ခရိုနီတွေကို အရေးယူဖို့၊ ဆိုင်ခန်း၊ ဆိုင်ခုံ ဈေးနှုန်းတွေ မူလလျာထားချက် အတိုင်းရရှိဖို့ စတဲ့အချက်တွေ ပါတယ်လို့ ဦးလှခင်က ဒီဗွီဘီကို ပြောသွား ပါတယ်။

[gallery ids="74771,74772,74773,74774,74775,74776,74777,74778,74779,74780,74781,74782,74783,74784,74785"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013