DVB Logo
Home
မြန်မာသတင်း
အရပ်သားများကို ပစ်မှတ်မထားရန် တအာင်းအရပ်ဘက်အဖွဲ့များ တောင်းဆို
DVB
·
February 24, 2026
အရပ်သားများကို ပစ်မှတ်မထားရန် တအာင်းအရပ်ဘက်အဖွဲ့များ တောင်းဆို
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ တအာင်းတပ်(TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်တွေအကြား စစ်ရေးတင်းမာနေမှုမှာ ဒေသခံတွေကို ပစ်မှတ်မထားဖို့ တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

နှစ်ဖက် စစ်ရေးအခြေအနေတွေကြားမှာ ဒေသခံပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာ၊ လမ်းပိတ်ဆို့တာတွေ မလုပ်ဖို့ကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန် တောင်းဆိုကြတာပါ။

လက်ရှိမှာ လက်နက်ကိုင်အချင်းချင်းကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကြောင့် အရပ်သားပြည်သူတွေဟာ ဓားစာခံသဖွယ် ဖြစ်နေပြီး သွားလာခွင့် ကန့်သတ်ခံရတာတွေနဲ့ ကုန်စည်စီးဆင်းမှု ပိတ်ဆို့ခံနေရတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထုအပေါ် အပြုသဘောမဆောင်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်နဲ့ အမြန်ဆုံးဖြေရှင်းကြဖို့ တအာင်းအရပ်ဘက်အဖွဲ့၆ ဖွဲ့က ထုတ်ပြန် တိုက်တွန်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ပ်(TNLA)နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ဟာ အာရက္ခတပ်တော် (AA) နဲ့အတူ ၂၀၁၉ ဇွန်လမှ စတင် ဖွဲ့စည်းခဲ့တဲ့   ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013