DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် အရပ်သား ၂ ဦး ပစ်သတ်ခံရ
DVB
·
February 23, 2026
ဖားကန့်တွင် အရပ်သား ၂ ဦး ပစ်သတ်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာအနီး စစ်ကောင်စီတပ်စွဲထားတဲ့နေရာမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်က ပစ်သတ်ခံထားရတဲ့ အမျိုးသား ၂ ယောက် အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယူမာကျေးရွာ၊ အဲဗားမျောခြံမှာ စစ်ကောင်စီ တပ်စွဲထားတာဖြစ်ပြီး မနေ့ညက ဆိပ်မူကျေးရွာဘက်ကနေ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဖားကန့်ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“၂ ယောက် ပစ်သတ်ခံရတာ ဟုတ်တယ်။ စစ်တပ် တပ်စွဲတဲ့နေရာ အနီးမှာ ပစ်သတ်ခံရတာပါ။ အခုကတော့ ယူမာကျေးရွာလမ်းမကြီးကို စစ်ရေးအခြေအနေအရ အသွားအလာ ပိတ်ပင်ထားတယ်။” 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ဖားကန့်မြို့နဲ့ ဆိပ်မူ‌ကျေးရွာကြားက ယူမာကျေးရွာ ဥရုချောင်းအနားမှာ အသက် ၃၀ အရွယ် အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရပါတယ်။

ယူမာကျေးရွာနားက အဲဗားမျောခြံထဲမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲပြီး ဆိုင်းတောင်ဘက်ခြမ်းမှာက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) က စစ်ရေးလှုပ်ရှားနေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေကလည်း လုံးခင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေး ၅ ယောက်နဲ့ အမျိုးသမီးတယောက် ထိမှန်ဒဏ်ရာရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖားကန့်မြို့နယ်ထဲမှာ နှစ်ဖက် စစ်ရေးငြိမ်သက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013