DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၈၈ မျိုးဆက် ကန့်ကွက်ရှုတ်ချ
DVB
·
December 24, 2014
လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၈၈ မျိုးဆက် ကန့်ကွက်ရှုတ်ချ
Donate to DVB

လက်ပံတောင်းတောင် ဒေသခံတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းလို့ ဒေါ်ခင်ဝင်း သေဆုံးပြီး ရွာသားတွေ ဒဏ်ရာရတယ်ဆိုတဲ့သတင်းကြောင့် တုန်လှုပ်ဝမ်းနည်းရတဲ့ အကြောင်းနဲ့  ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

88အရင်ကလည်း ဒီ စီမံကိန်းကို ကန့်ကွက်တဲ့ ရွာသားတွေ ဖမ်းဆီးခံရ၊ ရဲတပ်ဖွဲ့က ရွာသားတွေနဲ့ ရဟန်းသံဃာတော်တွေကို  မီးလောင်ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပြီး အခုအခါမှာ အသက်ဆုံးရှုံးတဲ့ ဖြစ်လာတာဟာ ဆိုးရွားလွန်းတဲ့ အခြေအနေကို ဖြစ်တယ်လို့ ကြေညာချက်က  ဆိုပါတယ်။

စစ်အစိုးရလက်ထက်က စပြီး အကောင်အထည် ဆောင်ရွက်နေတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ စီမံကိန်းကြောင့် ဒေသခံတွေဟာ ဘိုးဘွားစဉ်ဆက်ပိုင် မြေယာတွေ လက်လွှတ်ဆုံးရှုံးပြီး ဘ၀နေထိုင်မှု ပုံစံတွေ ပျက်ယွင်းနိမ့်ကျခဲ့ရတယ်။

အစိုးရတရပ်ဟာ နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်နဲ့ ဘ၀လုံခြုံမှု၊ အသက်မွေးဝမ်းကြောင်းမှုကို အကာအကွယ်ပေးဖို့ တာဝန်တယ်လို့ ဖော်ပြထားပါတယ်။ လက်ပံတောင်းတောင်အရေးအခင်းမှာ ရဲတပ်ဖွဲ့က အင်အား အလွန်အကျွံသုံးတဲ့လုပ်ရပ်ကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း အပြစ်တင်ရှုတ်ချလိုက်ပြီး ဒေါ်ခင်ဝင်း သေဆုံးမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီဗွီဘီကို တရားဝင်ပေးပို့ထားတဲ့ ၀မ်ပေါင်ရဲ့ ကြေညာချက်မှာ ဒီအဖြစ်အပျက်အတွက် အလွန်အမင်း ၀မ်းနည်းရတဲ့အကြောင်းနဲ့ ရဲအဖွဲ့က ဒီလို ကိုင်တွယ်မယ်ဆိုတာကို ၀မ်းပေါင်က ကြိုတင်မသိခဲ့ရသလို၊ အကြမ်းဖက်နည်းလမ်းတွေကိုသုံးပေးဖို့ ရဲအဖွဲ့ကို တောင်းဆိုခဲ့တာ မရှိဘူးလို့ ဖော်ပြထားပါတယ်။

အစိုးရဘက်ကတော့ ခြံစည်းရိုးတိုင်စိုက်တာကို ရွာသားတွေ တားဆီးနှောင့်ယှက်တဲ့ အတွက် အဓိကရုဏ်းနှိမ်နင်းရေး ၁၂ ဗို့သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဖြေရှင်းထားပါတယ်။ မျက်မြင်တွေက သေနတ်ကျည်ဆံဟာ ဒေါ်ခင်ဝင်းရဲ့ နဖူးကို ဖောက်ပြီး နောက်စေ့ပွင့်ထွက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာ ထိမှန်သေဆုံးမှုနဲ့ပတ်သက်လို့ သေမှုသေခင်း ဖွင့်တာကို ရဲက တိုင်ကြားချက်ကို မနေ့ ညဦးပိုင်းမှာ ရဲက လက်ခံလိုက်ပြီး အလောင်းကို ဆေးရုံကို သယ်ဆောင် စစ်ဆေးမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013