DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းများ ကိုယ်ပိုင်အိမ်ဖြင့်နေနိုင်ရေး ဆောင်ရွက်မည်
DVB
·
December 24, 2014
ဝန်ထမ်းများ ကိုယ်ပိုင်အိမ်ဖြင့်နေနိုင်ရေး ဆောင်ရွက်မည်
Donate to DVB

ဝန်ထမ်းများ အငြိမ်းစားယူပါက ကိုယ်ပိုင်အိမ်ဖြင့် နေနိုင်ရေးအတွက် ၀င်ငွေစုဆောင်းသည့် ရန်ပုံငွေစနစ် တည်ထောင်မယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက ပြောဆိုလိုက်ပါတယ်။

300x198xchief-bulding.jpg.pagespeed.ic.cpow0PRZK7ဒီဇင်ဘာ ၂၃ ရက် နေပြည်တောင်မြို့တော်ခန်းမ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် နိုင်ငံဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲ အခမ်းအနားမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီစနစ်ကနေ မျိုးဆက်များရဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်များအတွက် စိတ်ချမ်းမြေ့ဖွယ် လူမှုဝန်းကျင်တခုကို ဖန်တီး ဖော်ဆောင်နိုင်မယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ၀န်ထမ်းသားသမီးတွေအတွက် ၂၀၁၁ - ၁၂ ခုနှစ် ပညာသင်နှစ်မှာ အခမဲ့ မူလတန်းပညာရေး၊ ၂၀၁၄-၁၅ ခုနှစ် ပညာသင်နှစ်မှာ အခမဲ့ အလယ်တန်းပညာရေးကို ဆောင်ရွက်ပေးခဲ့သလို ၂၀၁၅-၁၅ ခုနှစ်မှာ အခမဲ့ အထက်တန်းပညာရေး စနစ်ကို ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

လာမယ့် ဘဏ္ဍာရေးနှစ်ကနေ ၀န်ထမ်းတွေကို လစာတိုးပေးတာကို စတင်ဖို့ အကောင်ထည်ဖော် ဆောင်ရွက်ပေးဖို့ တွက်ချက်တာတွေ လုပ်ဆောင်နေသလို လစာတိုးမြင့်ပေးလိုက်တိုင်း ကုန်ဈေးနှုန်းက လိုက်တက်လာလေ့ ရှိတဲ့အကြောင်း ဦးလှထွန်းက ပြောပါတယ်။

ဝန်ထမ်းအင်အားဟာ တပြည်လုံးရဲ့ ၂ ရာခိုင်နှုန်းရှိပြီး ကျန် ၉၈ ရာခိုင်နှုန်းမှာ ပြည်သူများဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းတက်ပါက ခံစားရမည့်သူများဟာ ပြည်သူတွေသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013