
ချဲလ်ဆီးအသင်းဟာ AI နည်းပညာ ကုမ္ပဏီ တခုဖြစ်တဲ့ IFS နဲ့ ရာသီကုန်အထိ အင်္ကျီ ရင်ဘက်စပွန်ဆာအဖြစ်ရှိဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ချဲလ်ဆီးဟာ ၂၀၂၃ က သရီး(THREE) ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးကတည်းက ပရီးမီးယားလိဂ်မှာ တသင်းတည်းသော ရင်ဘတ်စပွန်ဆာမဲ့တဲ့ အသင်းဖြစ်ခဲ့တာပါ။
အခု စာချုပ်အရ IFS စပွန်ဆာ အင်္ကျီကို ချဲလ်ဆီအမျိုးသားအသင်းက ဒီညကစားရမဲ့ ဘန်လေနဲ့ ပွဲစဥ်မှာ စတင်ဝတ်ဆင်မှာ ဖြစ်ပြီး၊ အမျိုးသမီးအသင်းကတော့ တနင်္ဂနွေ နေ့ကစားမဲ့ မန်ယူနဲ့ ပွဲစဥ်မှာ စတင်ဝတ်ဆင်မှာဖြစ်ပါတယ်။
IFS နဲ့ ချဲလ်ဆီးတို့ရဲ့ မိတ်ဖက် သဘောတူညီမှုဟာ ၂၀၂၈ အထိ သက်တမ်းရှိပေမဲ့ ရင်ဘတ်စပွန်ဆာကတော့ရာသီကုန်ထိသာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းက ရေရှည်အတွက်တော့ နောက်ထပ် အင်္ကျီ ရင်ဘတ်စပွန်ဆာရှာဖွေမှာဖြစ်ပြီး တရာသီ ယူရို ၆၅ သန်းအထိတောင်းဆိုဖို့ မျှော်လင့်ထားပါတယ်။
Photo: Reuters










