DVB Logo
Home
အားကစား
ခရစ္စတယ်ပဲလေစ့်နည်းပြ ဂလက်စနာ ရာသီမကုန်ခင် အသင်းမှ ထွက်ခွာရနိုင်
DVB
·
February 21, 2026
ခရစ္စတယ်ပဲလေစ့်နည်းပြ ဂလက်စနာ ရာသီမကုန်ခင် အသင်းမှ ထွက်ခွာရနိုင်
Donate to DVB

ခရစ္စတယ်ပဲလေစ့်နည်းပြ အိုလီဗာဂလက်စနာဟာ အသင်းမှာ ဆက်ရှိဖို့ မရေရာတော့ဘဲ  ဖေဖော်ဝါရီ ၂၂ ရက် ဝုဗ်နဲ့ကစားရမဲ့ ပွဲစဉ်ဟာ သူ့အတွက် နောက်ဆုံးပွဲ ဖြစ်သွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပဲလေ့စ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး ယူရိုပါ ကွန်ဖရင့်လိဂ်မှာလည်း ခြေစွမ်းမပြနိုင်တာကြောင့် ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပါတယ်။

သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ဂလက်စနာက "ကျနော်ဟာအသင်းကနေ ထွက်သွားတဲ့ ကစားသမားတွေနေရာမှာ အစားထိုးဖို့ အရည်အချင်း မရှိသေးဘူး" လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ ပါတယ်။

ဒီဝန်ခံချက်တွေကြောင့် အသင်းဥက္ကဋ္ဌက သူ့ကို ချက်ချင်းထုတ်ပယ်ဖို့ စဉ်းစားခဲ့ပေမဲ့ စာချုပ်လျော်ကြေး ပေါင် ၂ သန်းနီးပါး ပေးရမဲ့ကိစ္စနဲ့ အစားထိုးမဲ့ နည်းပြသစ် ရှာဖွေရမဲ့ အခက်အခဲတွေကြောင့် ရာသီကုန်အထိ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့  မနက်ဖန် ကစားမယ့် ဝုဗ်နဲ့ ပွဲစဉ်ဟာ ဂလက်စနာအတွက် အလွန်အရေးကြီးနေပြီး တကယ်လို့ ဒီပွဲမှာပါ ထပ်မံရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ပရိသတ်တွေရဲ့ ဖိအားကြောင့် အခြေအနေတွေ ပြောင်းလဲသွားနိုင်ပြီး ရာသီမကုန်ခင်မှာပဲ ထွက်ခွါရနိုင်တယ်လို့ သိရပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013