DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုနေ့တွင် တနိုင်ငံလုံးအပစ်ရပ်လက်မှတ် ရေးထိုးဖွယ်ရှိ
DVB
·
December 23, 2014
ပြည်ထောင်စုနေ့တွင် တနိုင်ငံလုံးအပစ်ရပ်လက်မှတ် ရေးထိုးဖွယ်ရှိ
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးပွဲကို လာမယ့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ပြုလုပ်နိုင်ဖို့ ၂ ဘက် ဆန္ဒရှိတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ၊ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောဆိုလိုက်တာဖြစ်ပြီး တိုင်းရင်းသားတွေဘက်ကလည်း ဖြစ်နိုင်ခြေရှိတယ်လို့ သဘောထားမှတ်ချက်ပေးပါတယ်။

432x292xNCCT-and-UPWC-22122014-1024x694.jpg.pagespeed.ic.wNBSTkgcEbမြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားတွေရဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့တို့ လုပ်ငန်းဆွေးနွေးပွဲကို ကျင်းပပြီးတဲ့နောက် ရှင်းလင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းညှိနှိုင်းပွဲမှာ လာမယ့် ဇန်န၀ါရီ လလယ်ပိုင်းတွင် ၂ ဘက် တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကျင်းပဖို့ သဘောတူခဲ့ကြပါတယ်။

ဆွေးနွေးပွဲတက်ခဲ့သူ အန်စီစီတီအဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာဆလိုင်းလျန်မှုန်းက တနိုင်ငံလုံးအပစ်ရပ်သဘော တူစာချုပ်ပါ အချက်အားလုံးနီးပါး သဘောတူညီမှုရရှိခဲ့တယ်လို့ ပြောပါတယ်။

“ရလဒ်အနေနဲ့ကတော့ NCA အပစ်ရပ်စာချုပ်မှာ ကျန်ရှိနေသေးတဲ့ အချက်တွေအားလုံးကို ကျနော်တို့ အတူတကွ ညှိတယ်။ သဘောတူညီချက် အတော်များများရတယ်။ အားလုံးနီးပါးရတယ်"လို့ ကျနော် ပြောချင်တယ်။

“လိုင်ဇာပတ်ခတ်မှုလိုမျိုး ထပ်မဖြစ်ပွားအောင် ဆွေးနွေးကြဖို့ကို ကျနော်တို့က မြစ်ကြီးနားမှာ လုပ်ဖို့ အကြံပြုတယ်။ သူတို့က ရန်ကုန်မှာလုပ်ဖို့ ပြောတယ်။ အဲ့ဒါ သူတို့ဘက်က အဖြေပြန်ပေးဖို့ ပြောထားတယ်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးကိစက အရင် ၂ ဘက် သဘောတူထားတဲ့ ကုလသမဂ္ဂ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတနိုင်ငံအပြင် နောက်ထပ် နိုင်ငံသုံးခုလောက် ထပ်ပါဝင်ဖို့ပြောတယ်။ သူတို့ဘက်က ပြန်အကြောင်းကြားမယ်လို့ ပြောတယ်။”

အခုလို အပစ်အခတ်ရပ်စဲရေး လုပ်ငန်းဆွေးနွေးပွဲတွေ ဖော်ဆောင်နေပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013