DVB Logo
Home
မြန်မာသတင်း
အခွန် အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင် ၁၀၀၀ စာရင်းထုတ်ပြန်
DVB
·
December 23, 2014
အခွန် အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင် ၁၀၀၀ စာရင်းထုတ်ပြန်
Donate to DVB

၂၀၁၃-၁၄ ခုနှစ်အတွက် ကုန်သွယ်ခွန်နဲ့ ၀င်ငွေခွန် အများဆုံးထမ်းဆောင်သူ ၁၀၀၀ စာရင်းကို ပြည်တွင်းအခွန်များဦးစီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

tax pကုန်သွယ်လုပ်ငန်းခွန်မှာ ကျပ်သန်းပေါင်း ၁ သောင်းအထက် ထမ်းဆောင်တာ ၂ ယောက်ရှိပြီး ကျပ်သန်း ၁ သောင်းအောက်က ၂ ယောက်ရှိပါတယ်။ အများဆုံး ဦးရေကတော့ ကျပ်သန်း ၅၀ အောက်ပေးဆောင်သူ ဖြစ်ပြီး ၅၃၁ ယောက်ရှိတာပါ။

အများဆုံးပေးဆောင်သူ ၂ ယောက်ကတော့ ဦးပိုင်က မြ၀တီ ထရိတ်ဒင်း ကုမ္ပဏီနဲ့ ဒဂုံ ဘီဗရေ့ဂ်ျ ကုမ္ပဏီတို့ ဖြစ်ပါတယ်။ ဦးတေဇပိုင် ထူး ထရိတ်ဒင်းကတော့ ကျပ်သန်း ၅ ထောင်အောက် ထမ်းဆောင်သူ စာရင်းရဲ့နံပတ် ၃၁ နေရာမှာ ရှိနေတာပါ။

ဝင်ငွေခွန်မှာ ကျပ်သန်းပေါင်း ၁ သောင်း ၇ ထောင်အထက်ထမ်းဆောင်တာ တယောက်ရှိပြီး ကျပ်သန်းပေါင်းထောင်အောက်က ၃ ယောက်ရှိပါတယ်။ အများဆုံး ဦးရေကတော့ ကျပ်သန်း ၅၀ အောက်ပေးဆောင်သူ ဖြစ်ပြီး ၆၅၁ ယောက်ရှိတာပါ။

အများဆုံးပေးဆောင်သူကတော့ ကမ္ဘောဇဘဏ် လီမိတက်ဖြစ်ပါတယ်။ ပြီးတော့ အေရှားဝေါလ်  ကုမ္ပဏီလီမိတက်၊ ရွှေတောင် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်နဲ့ မက်စ် မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့က ကျပ်သန်း ငါးထောင်အောက် ထမ်းဆောင်သူတွေ ဖြစ်ပါတယ်။

အမည် ၁၀၀ စာရင်းကို ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပြီး ကျန်စာရင်းကိုတော့ ပြည်တွင်းအခွန်များဦးစီးဌာန ၀က်ဘ်ဆိုဒ်ဖြစ်တဲ့ www.irdmyanmar.gov.mm မှာ ၀င်ကြည့်နိုင်သလို ပြည်နယ်၊ တိုင်းရုံးတွေမှာလည်း ကြည့်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013