
ရီးရဲလ်မက်ဒရစ်မှာ ၇ လကြာ နည်းပြအပြီး ထွက်ခွာခဲ့ရတဲ့ ဇာဘီအလွန်ဆိုဟာ ပြင်သစ်အသင်း မာဆေးလ်ရဲ့ နည်းပြရာထူး ကမ်းလှမ်းလာမှုကို ချက်ချင်း ငြင်းပယ်လိုက်ပါတယ်။
မာဆေးလ်အသင်းဟာ ရော်ဘတ်တိုဒီဇာဘီရဲ့ နေရာကို အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေပြီး ဇာဘီအလွန်ဆိုကို ကမ်းလှမ်းခဲ့ရာ အသင်းတွင်းအခြေအနေ မတည်ငြိမ်မှုတွေကို မနှစ်သက်တာကြောင့် ငြင်းပယ်ခံလိုက်ရတာပါ။
လီဗာပူးကစားသမားဟောင်း အလွန်ဆိုဟာ လီဗာပူးနည်းပြအာနေးစလော့ရဲ့ အခုနှစ် ရုန်းကန်နေရမှုကြောင့် အန်ဖီးလ်ဆီ ပြန်လာနိုင်ဖို့ အလားအလာရှိနေကြောင်း သတင်းထွက်နေတာပါ။
နည်းပြအာနေးစလော့ဟာ မနှစ်က ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ပေမဲ့ ဒီရာသီမှာ အဆင့် ၆ နေရာကနေ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် ရုန်းကန်နေရတာကြောင့် ထုတ်ပယ် ခံခဲ့ရပါက၊ အလွန်ဆိုဟာ နည်းပြရာထူးဆက်ခံဖို့ အသင့်တော်ဆုံးလူအဖြစ် သတင်းထွက်ပေါ် နေပါတယ်။
Photo: Reuters










