DVB Logo
Home
အားကစား
ပရိသတ်လှောင်ပြောင်မှုခံခဲ့ရပြီးနောက် ဘရာဇီးကလပ်နှင့် ကော်တင်ညို လမ်းခွဲ
DVB
·
February 20, 2026
ပရိသတ်လှောင်ပြောင်မှုခံခဲ့ရပြီးနောက် ဘရာဇီးကလပ်နှင့် ကော်တင်ညို လမ်းခွဲ
Donate to DVB

ဘရာဇီးကွင်းလယ်ကစားသမား ကော်တင်ညိုဟာ ပရိသတ်တွေရဲ့ ဝေဖန်ခံခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတာကြောင့် အသင်းကနေ ထွက်ခွာတော့မယ်လို့ ထုတ်ပြန်ပါတယ်။

ကော်တင်ညိုဟာ မွေးရပ်မြေကလပ် ဗာစကိုဒဂါးမားမှာ ၂၀၂၄ ခုနှစ်ကစတင်ကာ ဗီလာကနေ အငှားစာချုပ်နဲ့ရောက်လာပြီး ၂၀၂၅ မှာ အပြီးသတ်စာချုပ် ချုပ်ဆိုကာ ကစားနေတာပါ။

ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဗာစကိုဒဂါမားအသင်းနဲ့ ရီဒွန်ဒါပွဲစဥ်မှာ ပထမပိုင်းအပြီး လူစားလဲခံရတဲ့ ကော်တင်ညိုကို သူ့ရဲ့ခြေစွမ်းကို သဘောမကျကြတဲ့  ဗာစကိုဒဂါးမား ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းမှာ ကော်တင်ညိုက သူဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်တွေမှာရော ပွဲစဥ်တိုင်းမှာရော အပြည့်အဝ အားထုတ်ခဲ့ကြောင်း၊ လူအများကြီးရဲ့ လှောင်ပြောင်မှုကို ခံရတာဟာ သူ့အတွက် အရမ်းခက်ခဲကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုခံစားနေရကာ နာကျင်လွန်းတာကြောင့် အသင်းမှာ ဆက်လက်ရှိတော့မှာ မဟုတ်ကြောင်း သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

ကော်တင်ညိုဟာ အင်တာမီလန်မှာ ခြေစွမ်းပြပြီး ၂၀၁၃ မှာ လီဗာပူးကို ပြောင်းရွှေ့ခဲ့ကာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အက်စ်တန်ဗီလာ၊ အယ်လ်ဒူဟေး အသင်း​တွေမှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013