DVB Logo
Home
မြန်မာသတင်း
M-Brother အထည်ချုပ်စက်ရုံ မီးလောင်မှု ၁၃ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ
DVB
·
February 19, 2026
M-Brother အထည်ချုပ်စက်ရုံ မီးလောင်မှု ၁၃ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ
1 / 6
Donate to DVB

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာ  မနေ့က မီးလောင်ခဲ့တဲ့ M-Brother အထည်ချုပ်စက်ရုံကို ၁၃ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီစက်ရုံမှာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ မီးစလောင်ခဲ့ပြီး ရွှေပြည်သာမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၄ စီးနဲ့ ရေသယ်ယာဉ် ၂ စီး သွားရောက်ငြှိမ်းသတ်ပြီး မကြာခင်မှာပဲ နောက်ထပ် မီးငြှိမ်းသတ်ယာဉ် ၁၀ စီးပါတဲ့ Level 1 အဆင့် ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။

မွန်းလွဲ ၁ နာရီမှာတော့ နောက်ထပ် မီးငြှိမ်းသတ်ယာဉ် ၁၀ စီးပါတဲ့ Level 2 ယာဉ်အုပ်စု၊ ဌာနချုပ်ယာဉ်အုပ်စုတို့နဲ့ ငြှိမ်းသတ်ခဲ့ရတာပါ။

အဲဒီနောက် မွန်းလွဲ ၁ နာရီခွဲကျော်မှာ မီးထိန်းနိုင်တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပေမဲ့ မီးကို မငြှိမ်းနိုင်သေးဘဲ မီးကျန်တွေက ပြန်လောင်တာကြောင့် ဆက်လက်ငြှိမ်းသတ်ရင်း ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁ နာရီခွဲမှာမှ မီးငြိမ်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မီးငြှိမ်းသတ်တာကို လူမှုကူညီရေးအသင်းအဖွဲ့တွေကလည်း လာရောက်ကူညီကြတာ တွေ့ရပါတယ်။

ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ မီးကြွင်းမီးကျန်တွေကနေ မီးပြန်လောင်တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပြီး မီးသတ်ကားတွေပြန်လာတာတွေ့ရတယ်လို့လည်း အနီးအနားနေသူတွေက ဆိုပေမဲ့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်တာတွေ မရှိပါဘူး။

မီးလောင်တာကြောင့် စက်ရုံက အလုပ်သမား ၂ ယောက်သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်လုပ်သားများ သမဂ္ဂကဆိုပေမဲ့ နောက်ဆက်တွဲ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013