DVB Logo
Home
မြန်မာသတင်း
မိကျောင်းကန်ဆန္ဒပြသမားများကို ပုဒ်မ ၃ ခုဖြင့် တရားစွဲ
DVB
·
December 23, 2014
မိကျောင်းကန်ဆန္ဒပြသမားများကို ပုဒ်မ ၃ ခုဖြင့် တရားစွဲ
1 / 5
Donate to DVB

ရန်ကုန်မြို့တော်ခန်းမအ၀င်လမ်းကို ပိတ်ဆို့ဆန္ဒပြသမား ၁၄ ဦးကို ကျောက်တံတားမြို့နယ် ခခန်းမှူးက ဖမ်းဆီးပြီးနာရီပိုင်းအကြာမှာ အမှု ၃ မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

မိကျောင်းကန် သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဒီမနက်အရုဏ်ဦးမှာ ဖြိုခွင်းဖမ်းဆီးပြီးတဲ့နောက်  ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ ၂ မှုနဲ့  မတရားတားဆီး ကန့်ကွက်မှုပုဒ်မ ၄၃၁၊ ၁၄၃ တို့နဲ့ စွဲဆိုခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ မတ်လကစလို့ မြို့တော်ခန်းမရှေ့ တဖက်ခြမ်းက မဟာဗန္ဓုလပန်းခြံမှာ မတ်လမှာ သပိတ်စခန်းဖွင့်လှစ်ရာက ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး မြို့တော်ခန်းမရှေ့ ၀န်ထမ်းတွေဝင်၊ ထွက်ပေါက်တံခါးရှေ့မှာ သပိတ်စခန်းပြောင်းဖွင့်ပြီး အရှိန်မြှင့်တောင်း ဆိုခဲ့ကြတာပါ။

ဒီဆောင်ရွက်ချက်ကြောင့် မြို့တော်စည်ပင်သာယာက ကျောက်တံတားရဲစခန်းမှာ တိုင်ကြားခဲ့သလို ရန်ကုန်တိုင်းဒေသကြီးအစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း လာရောက်ကြည့်ရှုပြီး အရေးယူဆောင်ရွက်မယ်လို့ သတိပေးခဲ့ပါတယ်။

ဒီနေ့ခင်းပိုင်းမှာတော့ ဆန္ဒပြသမားတွေကို ကိုယ်ပိုင်ခံဝန်နဲ့ အချုပ်ကနေ ပြန်လွှတ်ခဲ့ပါတယ်။ အမှု ၃ မှုကိုတော့ လာမယ့် ဇန်န၀ါရီ လ ၆ ရက်နေ့ ရုံးထုတ်ဖို့  သတ်မှတ်ထားပါတယ်။

တရားစွဲဆိုခံရသူ အသက် ၅၈ နှစ်အရွယ် ဒေါ်အေးမိက “အန်တီတို့က အန်တီတို့ြေ မကို ရအောင်ပြန်တောင်းတာလေ။ အန်တီတို့ မြေကို သိမ်းသွား တဲ့အတွက် ပြန်တောင်း တာလေ။ ကိုယ့်မြေလည်း သိမ်းသေး၊ ကိုယ့်ကိုလည်း မတရား လုပ်တယ်ဆိုတော့ တရား ဥပဒေကြီးက ဘယ်လိုလဲပေါ့။ အန်တီတို့က ဥပဒေကြောင်းလည်း နားမလည်ပါဘူး။”

လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတုန်းက မြေသိမ်းခံထားရတဲ့ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် (၁၊ ၂၊ ၃) မှာ နေထိုင်ခဲ့သူတွေဟာ သူတို့မြေတွေပြန်လည်ရရှိဖို့  နှစ်ချီဆန်ဒပြနေကြတာဖြစ်ပြီး အာဏာပိုင်တွေဘက်က မလိုက်လျောဘဲ  သပိတ်စခန်း တွကို ဖျက်သိမ်းတာ အခုဆို ၄ ကြိမ်ရှိပြီဖြစ်ပါတယ်။

[gallery ids="74699,74700,74701,74702,74703"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013