DVB Logo
Home
နိုင်ငံတကာ
မီးမြင်းနှစ်ကို ဝင်ရောက်သည့် တရုတ်နှစ်ကူးပွဲတော် ကမ္ဘာတဝန်းဆင်နွှဲ (ဓာတ်ပုံ) 
DVB
·
February 17, 2026
မီးမြင်းနှစ်ကို ဝင်ရောက်သည့် တရုတ်နှစ်ကူးပွဲတော် ကမ္ဘာတဝန်းဆင်နွှဲ (ဓာတ်ပုံ) 
1 / 11
Donate to DVB

မီးမြင်းနှစ်ကို ဝင်ရောက်တဲ့ တရုတ်နှစ်သစ်ကူး အခါသမယကို တရုတ်၊ ထိုင်ဝမ် တို့မှာသာမကဘဲ ကိုရီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ အပါအဝင် အာရှနဲ့ ကမ္ဘာတဝန်းက ပြည်သူသန်းပေါင်းများစွာ ကြိုဆိုဆင်နွှဲနေကြပါတယ်။

ဇန်နဝါရီ ၂၁ ရက်နဲ့ ဖေဖော်ဝါရီ ၂၀ ရက်အကြား ၁၅ ရက်ကြာ ကျင်းပလေ့ရှိတဲ့ ဒီပွဲတော်ရဲ့ ပထမဆုံး ၂ ရက်မှာ မိသားစုတွေ စုဝေးစားသောက်ပြီး ငွေသားထည့်ထားတဲ့ အနီရောင်စာအိတ်တွေ ပေးကမ်းလေ့ရှိကြပါတယ်။

ရာသီခွင် ၁၂ မျိုးနဲ့ သစ်၊ မီး၊ မြေ၊ သတ္တု၊ ရေ ဆိုတဲ့ ဓာတ် ၅ မျိုး ပေါင်းစပ်မှုအရ အခုလို မီးမြင်းနှစ်ဟာ နှစ် ၆၀ မှာ တကြိမ်သာ ကျရောက်လေ့ရှိတာပါ။

တရုတ်ရိုးရာမှာ မီးဓာတ်ကြောင့် တက်ကြွမှုကို ပိုကိုယ်စားပြုပေမဲ့ ဂျပန်ယဉ်ကျေးမှုမှာတော့ ဒီနှစ်မှာမွေးတဲ့ မိန်းကလေးတွေ ကံမကောင်းဘူးဆိုတဲ့ အယူအဆကြောင့် ပြီးခဲ့တဲ့ ၁၉၆၆ ခုနှစ် မီးမြင်းနှစ်တုန်းက ဂျပန်မှာ မွေးဖွားနှုန်း အကြီးအကျယ် ကျဆင်းခဲ့ပါတယ်။

တရုတ်နိုင်ငံမှာတော့ ဒီနှစ်ပွဲတော်ကာလအတွင်း အိမ်ပြန်ကြမဲ့ ခရီးသွားလာမှု အကြိမ်ရေ ၉ ဒသမ ၅ ဘီလီယံအထိ စံချိန်တင်မြင့်တက်ဖို့ အစိုးရက ခန့်မှန်းထားပြီး ဒါဟာ ကမ္ဘာ့အကြီးဆုံး လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းသွားလာမှုလည်း ဖြစ်ပါတယ်။

ဒီနှစ်တရုတ်ပြည်မမှာတော့ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ၉ ရက်ကြာ ရုံးပိတ်ရက် သတ်မှတ်ပေးထားပါတယ်။

တရုတ်ပြည်သူတွေဟာ ဝင်ငွေရဲ့ သုံးပုံတပုံလောက်ကို စုဆောင်းလေ့ရှိတာကြောင့် စီးပွားရေး နှေးကွေးနေတဲ့ တရုတ်နိုင်ငံဟာ အခုနှစ်ကူးကာလမှာ ပြည်တွင်းစားသုံးမှု မြင့်တက်လာဖို့ မျှော်လင့်နေပြီး အမေရိကန်ဒေါ်လာ ၅၂ သန်းဖိုးရှိတဲ့ စားသုံးသူ ဘောက်ချာတွေကိုလည်း ပြည်မကြီးအစိုးရက ထုတ်ပေးထားပါတယ်။

တဖက်မှာလည်း တရုတ်အာဏာပိုင်တွေက အွန်လိုင်းပေါ်မှာ AI နည်းပညာသုံးပြီး ရိုးရာယဉ်ကျေးမှုကို ပုံဖျက်တာမျိုး မလုပ်ကြဖို့ သတိပေး တားမြစ်ထားပါတယ်။

ဒါ့အပြင် အိမ်ထောင်မပြုတာ၊ ကလေးမယူတာတွေကို အားပေးတဲ့ ရေးသားမှုတွေနဲ့ ခရီးသွားလာမှု ကမောက်ကမဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေကိုပါ အွန်လိုင်းပေါ်ကနေ ထိန်းချုပ်ဖြတ်တောက်သွားမယ်လို့ တရုတ်အစိုးရက ကြေညာထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013