DVB Logo
Home
မြန်မာသတင်း
မိကျောင်းကန်သပိတ်စခန်း အာဏာပိုင်များ ဖျက်သိမ်း၊ ၁၄ ဦး ဖမ်းဆီးခံရ
DVB
·
December 23, 2014
မိကျောင်းကန်သပိတ်စခန်း အာဏာပိုင်များ ဖျက်သိမ်း၊ ၁၄ ဦး ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန် မြို့တော်ခန်းမအ၀င်လမ်းကို ပိတ်ဆို့ပြီး ဆန္ဒပြနေကြတဲ့ မိကျောင်းကန် သပိတ်စခန်းကို ဒီနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက လာရောက်ဖျက်သိမ်းသွားပြီး ဆန္ဒပြသမား ၁၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

[caption id="attachment_74655" align="alignright" width="420"]ဓာတ်ပုံ - ကျော်စိုးနိုင် ဓာတ်ပုံ - ကိုကျော်စိုးနိုင်[/caption]

ရဲအဖွဲ့ အင်အား အယောက် ၃၀ လောက်နဲ့ လာရောက် ရှင်းလင်းခဲ့ပြီး ဖမ်းဆီးသွားတဲ့ ဆန္ဒပြသမားတွေကို ဒဂုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားစွဲဆိုဖို့ ရှိနေတယ်လို့ ဒီမိုကရေစီအင်အားစုက ဦးဘမြင့်က ပြောပါတယ်။

“ဒီမြို့တော်ခန်းမလမ်းကို ပိတ်ထားတဲ့ သပိတ်စခန်းကို လုံးဝ ဖျက်လိုက်ပါပြီး။ လူ ၁၄ ယောက်ကို ခေါ်သွားတယ်။ အခုတော့ ဒဂုံမြို့နယ် ရဲစခန်းကို ခေါ်သွားပါတယ်။ ဒဂုံမြို့နယ်ရဲ စခန်းမှာ အမှုတွေ ဆင်ပြီးတော့မှ ပန်းဆိုတန်းလမ်းက ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ခေါ်မယ်လို့ ကျနော်တို့ ကြားသိရလို့ အခု လာပြီး ကြိုစောင့်နေပါတယ်။”

သင်္ဃန်းကျွန်းမြို့နယ်တွင်း စစ်တပ်က သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေးအတွက် မိကျောင်းကန်ပြည်သူတွေက မဟာဗန္ဓုလပန်းခြံမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လကတည်းက သပိတ်စခန်းဖွင့် တောင်းဆိုနေတာဖြစ်ပါတယ်။

အခုဆိုရင် ဆန္ဒပြ ရက်ပေါင်း ၂၇၀ ကျော်လာပြီးဖြစ်ပေမယ့် ဒေသခံတွေရဲ့ တောင်းဆို ချက်မရဘဲ အာဏာပိုင်တွေကနေပြီး မိကျောင်းကန် သပိတ်စခန်းကို ဖျက်သိမ်းတာ အခုဆို ရင် ၄ ကြိမ်ရှိပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013